အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 May, 2013

ထူးမခြားနား မော်လမြိုင်ဟိုတယ်များ

 ဟိုတယ်အခန်းခတွေ ဈေးနှုန်းတိုးတက်လာတာ နိုင်ငံတကာမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ဒီ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်က မြန်မာနိုင်ငံမှာတော့ ပြောစရာ ဖြစ်နေပါပြီ။

အကြောင်းရင်းကတော့ ... မြန်မာပြည်ဟိုတယ်များက အခန်းခ ခုန်တက်လိုက်ကြပေမယ့် ဝန်ဆောင်မှုက လိုက်တက်မလာလို့ပါပဲ။ 

မွန်ပြည်နယ်မော်လမြိုင်မြို့တော်မှာ အဆင့်မြင့်ဟိုတယ်တွေ ၁၀  ခု ရှိပါတယ်။

 အိမ်နီးချင်းနိုင်ငံတွေက ဟိုတယ်တွေနဲ့ယှဉ်ရင် အခန်းခ ဈေးကြီးတယ်၊  မီးခဏခဏပြက်တယ်၊   အင်တာနက်လိုင်းလည်း သုံးရတာအဆင်မပြေဘူး အစရှိတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတယ် လို့ တည်းခိုသူတွေက ပြောဆိုကြပါတယ်။

မော်လမြိုင်က အကောင်းဆုံး လို့ ပြောနိုင်တဲ့ ဟိုတယ်ဆိုရင် တရက်တည်းခိုခ ကျပ် ၆ဝ,ဝဝဝ ပေးနေရတယ်၊  ဈေးကြီးပေမဲ့ မီးနဲ့အင်တာနက်ပြဿနာကတော့ အခြားဟိုတယ်တွေလိုပါပဲ လို့   ထိုင်းနိုင်ငံသားနိုင်ယိုထင်က ပြောပါတယ်။

သူပြောတာက တရက် ကျပ် ၆ဝ,ဝဝဝ ဆိုတာက ထိုင်းငွေနဲ့ဆိုရင် ဘတ် ၂,ဝဝဝ  ဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။
ထိုင်းမှာ ဘတ် ၂,ဝဝဝ တန် အခန်း  ဆိုရင် ဝန်ဆောင်မှု အပြည့်အ၀ ပေးတဲ့ ဟိုတယ်ဖြစ်လိမ့်မယ် တဲ့။

မော်လမြိုင်ရဲ့ အဆင့်မြင့်ဟိုတယ်တွေ အများစုက တရက် တည်းခိုခ ကျပ် ၂ဝ,ဝဝဝ ၀န်းကျင်ရှိပါတယ်၊
သာမန်တည်းခိုခန်းတွေကတော့ ကျပ် ၅,ဝဝဝ အောက်မှာပါ။ 

မော်လမြိုင်မှာ  အတ္ထရံ၊ ကမ်းနားလမ်း၊ ငွေမိုး၊ စင်ဒရဲလား ပါအ၀င် အဆင့်မြင့်ဟိုတယ် ၁၀ ခု ဝန်းကျင်နဲ့ အသေးစား တည်းခိုခန်း ၃၀ လောက်ရှိတယ်လို့ သိရပါတယ်။

လာမဲ့ဇူလိုင်လမှာထိုင်းနိုင်ငံမဲဆောက်နဲ့မော်လမြိုင်ကို ထိုင်းလေကြောင်းလိုင်းတခုဖြစ်တဲ့ Noh Air လိုင်းကပြေးဆွဲတော့မှာဖြစ်ပါတယ်။

အဲဒီကာလကြရင်မွန်ပြည်နယ်ကို ထိုင်းခရီးသွားတွေလာကြတဲ့အခါမှာ တည်းခိုခန်းနဲ့ပတ်သက်ပြီး အဆင်မပြေမှာကိုဘဲစိုးရိမ်တယ်လို့
ထိုင်းခရီးသွားလုပ်ငန်းပိုင်ရှင် တဦးကဆိုပါတယ်။

ထိုင်းခရီးသွားတွေမွန်ပြည်နယ်က ကျိုက်ထီးရိုးဘုရားနဲ့ အထင်ကရနေရာတွေကိုလာရောက်ရာမှာ လက်ရှိဘန်ကောက်-ရန်ကုန်လေကြောင်းလိုင်းကနေ တဆင့်
 မော်လမြိုင်ကိုသွားနေကြရပါတယ်။
နောက်ဆိုရင်တော့မဲဆောင်ကနေလေယာဉ်နဲ့လာကြတော့မှာပါ၊
ဒီခရီးစဉ်တွေအတွက် ထိုင်းတွေ အတော်လေး စိတ်အားထက်သန်နေတယ်လို့ မော်လမြိုင်မှာရောက်ရှိနေတဲ့ထိုင်းစီးပွားရေးသမားတဦးက ဧရာဝတီသတင်းဌာနကိုပြောပါတယ်။

လက်ရှိမှာတော့ ရာနဲ့ချီတဲ့ ထိုင်းလူမျိုးတွေက မွန်နဲ့ ကရင်ငြိမ်းအဖွဲ့များရဲ့ အစီအစဉ်တွေနဲ့ပဲ မွန်ပြည်နယ်ကို တရားမ၀င်နည်းနဲ့ လည်ပတ်နေကြတယ်လို့  သိရပါတယ်။

မဲဆောက်-မော်လမြိုင် လေကြောင်းလိုင်း ပြေးရင်တော့ ထောင်နဲ့ချီတဲ့ထိုင်းတွေ မွန်ပြည်ကို တရားဝင် ၀င်လာမှာဖြစ်တယ်လို့လည်း  ထိုင်း ခရီးသွားတွေကပြောပါတယ်။

အဲဒီင်္ကာလ မော်လမြိုင်မှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကို လက်ရှိထက် မဖြစ်မနေ အဆင်ြ့မှင့်တင်ရမယ်လို့ ထိုင်းခရီးသွားတဦးကပြောပါတယ်။

မွန်ပြည်နယ်အစိုးရက  ဒေသတွင်းမှာ မကြာခင်ရရှိမဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်ထားဖို့ လိုကြောင်း
မော်လမြိုင်မှာ ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်နေတဲ့ ထိုင်းလုပ်ငန်းရှင်တဦးက ပြောပါတယ်။

(စာတည်း မှတ်ချက် - ဟိုတယ်များအကြောင်းကို မော်လမြိုင်ရောက် သတင်းထောက် ပြည်တော်မြင့် ရေးသား ပေးပို့သည်။
ဟိုတယ်တချို့၏ဓာတ်ပုံများ ပေးပို့လာသော်လည်း ဈေးပုံတခုကိုသာ ဖော်ပြလိုက်ပါသည်)


ဧရာဝတီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...