အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2014

MH 370 အိန္ဒိယသမုဒ္ဒရာမှာ ပျက်ကျခဲ့ကြောင်း မလေးဝန်ကြီးချုပ် ကြေညာ

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 လေးယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာ
တောင်ပိုင်းမှာ ပျက်ကျ သွား တာကို ဒီကနေ့ လုပ်တဲ့ မလေးရှား ဝန်ကြီးချုပ်
Datuk Seri Najib Tun Razak ရဲ့ သတင်းစာရှင်း လင်းပွဲ မှာ အတည်ပြုပြောကြား
လိုက်ပါတယ်။ 


 ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်


Air Accidents Investigation
Branch (AAIB) ဆိုတဲ့ ဗြိတိန် စုံစမ်းရေးသမားတွေရဲ့ အတည်ပြုချက် အပေါ်


အခြေခံပြီး အခုလို မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ
အတည်ပြုပြောသွားတာဖြစ် ပါ တယ်။ 








မလေးရှား ဝန်ကြီးချုပ်က
ပြောသွားရာမှာ Immarsat ကုမ္ပဏီက ညွှန်ပြချက်တွေအရ လေယာဉ်ပျံသန်း သွားတဲ့
နောက် ဆုံး လမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက် အခြမ်းမှာအတည်ပြု
ထုတ်ပြန်ပြီး မလေးရှား လေကြောင်းလိုင်းနဲ့ AAIB တို့ ပူးပေါင်းပြီး
လေယာဉ်ဟာ အဲဒီလမ်းကြောင်းမှာ ပျံသန်းသွားခဲ့ တယ်လို့
ကောက်ချက်ချခဲ့ကြတာပါ။ 




လေယာဉ်ရဲ့ နောက်ဆုံး အနေအထားဟာ
သြစတြေးလျ နိုင်ငံ ပတ် ( Perth ) မြို့ရဲ့ အနောက်တောင် ဘက်၊ အိန္ဒိယ သမုဒ္ဒရာ
အလယ်မှာ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 




“အခု ဒီအချက်အလက်အသစ်တွေအရ
အထူးကြေကွဲဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် MH 370 လေယာဉ် ဟာ အိန္ဒိယ
သမုဒ္ဒရာတောင်းပိုင်းမှာ အဆုံးသတ်သွားခဲ့ပါပြီ” လို့ မလေးရှား ဝန်ကြီးချုပ် က
သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။ 




သူက ဆက်ပြောတာမှာ နောက်ဆုံး
တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ အသေးစိပ်အချက်အလက်တွေကို မနက်ဖြန် အင်္ဂါနေ့မှာ
သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားမှာဖြစ်တယ်လို့ မလေးရှား
ဝန်ကြီးချုပ်က ဆိုပါတယ်။ 




ဝန်ကြီးချုပ် နာဂျစ်က
ပြောတာမှာတော့ အစောဆုံး အခွင့်အလမ်းမှာ ရရှိတဲ့ သတင်းအချက်အလက် အသစ်တွေကို
လေယာဉ်မိသားစုတွေနဲ့ ဒီစုံစမ်းရေးကို ဦးဆောင်တာဝန်ယူတဲ့ တာဝန်ခံ ၂ ဦးတို့
ကို လေးစားတဲ့ အနေနဲ့ ပွင့်လင်း မြင် သာစွာနဲ့ လေးလေးစားစား အခုလို
သတင်းထုတ်ပြန်လိုက်တာဖြစ်တ ယ်လို့ ဆိုပါတယ်။ 




မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ
ကွာလာလမ်ပူလေဆိပ်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့ကို အသွား လူပေါင်း ၂၃၉ ဦး
တင်ဆောင်ထားတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးပြီး ၁၇ ရက်ကျော်ကြာပြီးတဲ့အခါမှာ
မလေးရှား ဝန်ကြီးချုပ်က အခုလို လေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ပြီး
ခရီးသည်အားလုံး အသက်ရှင် မယ်လို့ မမျှော်လင့်တဲ့အကြောင်း ထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။ 




အခုလို သတင်းထုတ်ပြန်လိုက်မှုကြောင့် MH 370 လေယာဉ် အမှုထမ်းတွေနဲ့ ခရီးသည် မိသားစုတွေက 

တော့ မျှော်လင့်ချက်တွေ အကုန်ပျက်သုံးသွားပြီး ငိုကြွေး ကုန်ကြပါပြီ။ 



မလေးရှားလေကြောင်းလိုင်းကလည်း
ခရီးသည် မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းပြောကြားပြီး အတည်ပြုချက်ကို
အကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။ 


အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...