အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2014

ဝေဟင်ပိုင်နက်ချိုးဖောက်ခဲ့သော ဆီးရီးယားလေယာဉ်တစ်စီး တူရကီပစ်ချ


နယ်စပ်ဖြတ်လမ်း တစ်ခုကို ထိန်းချုပ်ခွင့်ရရေး သမ္မတဘာရှားအယ်လ်အာဆတ် ၏ တပ်ဖွဲ့များနှင့် ဆီးရီးယားသူပုန်များ တိုက်ခိုက်နေသော ဒေသတစ်ခုအတွင်း ၎င်းတို့ လေပိုင်နက်ထဲသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဆိုကာ ဆီးရီးယားလေယာဉ်တစ်စီးကို တူရကီလေတပ်က မတ်လ ၂၃ ရက်တွင် ပစ်ချလိုက်သည်။‘‘ကျွန်တော်တို့ လေပိုင်နက် ကို ဆီးရီးယားလေယာဉ်တစ်စီး ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အက်ဖ်-၁၆ လေယာဉ်တွေက အဲဒီလေယာဉ် ကို ပစ်ချလိုက်ပါတယ်’’ဟု တူရကီဝန်ကြီးချုပ်အာဒိုဂန်က နိုင်ငံ အနောက်မြောက်ပိုင်း ရွေး ကောက်ပွဲ မဲဆွယ်မှုတစ်ခုတွင် ပြောကြားသည်။

ယင်းလေယာဉ်မှာ ဆီးရီး ယားနိုင်ငံတွင်းရှိ သူပုန်တိုက်ခိုက် ရေးသမားများနောက်ကို လိုက် သွားခြင်းဖြစ်သည်ဟု ပြောကာ ယင်းလုပ်ရပ်ကို ဆီးရီးယား အစိုးရက ရှုတ်ချလိုက်သည်။

မိမိတို့၏ ထိန်းချုပ်ရေးစခန်းများအနက် တစ်ခုက ဆီးရီးယား MIG-23 လေယာဉ်နှစ်စီး တူရကီနယ်စပ်သို့ ချဉ်းကပ်လာစဉ် သတိပြုမိပြီး လေးကြိမ်တိုင် သတိပေးခဲ့သည်ဟု တူရကီစစ်ရုံးကပြောသည်။

လေယာဉ်တစ်စီးမှာ နယ်စပ်ဖြတ်လမ်း ကာဆက်ဒေသ အရှေ့ ဘက် ယေလာဒါဂီမြို့၌ တူရကီ လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ သည်ဟု တူရကီစစ်ရုံးက ပြော သည်။

တူရကီ F-16 တိုက်လေ ယာဉ်တစ်စီးက ယင်းဆီးရီးယား လေယာဉ်ကို ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ပြီးနောက် ဆီးရီးယားနယ်နိ မိတ်အတွင်း မီတာ ၁,၂၀၀ ခန့် တွင် ပျက်ကျသွားသည်။

သမ္မတအာဆတ်၏ ညီဝမ်း ကွဲနှင့် သူပုန်များနှိမ်နင်းရာတွင် အစိုးရစစ်တပ်ကို ကူညီတိုက်ခိုက်ပေးသော အမျိုးသားကာ ကွယ်ရေးတပ် ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက မတ်လ ၂၃ ရက်တွင် ကာဆက်မြို့အနီး သတ်ဖြတ်ခံလိုက်ရကြောင်း နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ကြေညာသည်။

မြို့တော်ဒမတ်စကတ်စ်နှင့် ဟွမ်းစ်မြို့တစ်ဝိုက် ဆီးရီးယား နိုင်ငံ၏ ဗဟိုချက်မှ သူပုန်များကို အာဆတ်စစ်သားများက အီရန်၏ အကူအညီ၊ အီရတ်မှ ရှီးဟိုက် မွတ်စလင်တပ်ဖွဲ့များနှင့် လက် ဘနွန်နိုင်ငံမှ ဟစ်ဘိုလာအဖွဲ့တို့ ၏ အကူအညီများဖြင့် တိုက်ထုတ် လျက်ရှိသော်လည်း ဆီးရီးယား မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသ အများစုတွင် အစိုးရစစ်သား အနည်းငယ်သာရှိသည်။

—Ref: Reuters
7 Day Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...