အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2014

ဘာစီလိုနာအသင်း ကစားသမား ၁၂ ယောက်ဖြင့် ကစားခဲ့ဟု စီရော်နယ်ဒို လှောင်ပြောင်ပြောဆို


မက်ဒရစ်၊ မတ် ၂၄
ရီးယဲလ်အသင်း၏ တိုက်စစ်မှူး ရော်နယ်ဒိုက ဘာစီလိုနာအသင်းအား ၃-၄ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည့် အယ်လ် ကလက်စီကို ပွဲစဉ်တွင် ရီးယဲလ်အသင်းဘက်သို့ အနီကတ်တစ်ကတ်ကို အသုံးပြုခဲ့ကာ ပင်နယ်တီနှစ်လုံး သတ်မှတ်ပေးခဲ့သော ကွင်းလယ်ဒိုင် မာလန်ကိုအား ဝေဖန်ပြောဆိုလိုက်ပြီး ဘာစီလိုနာအသင်းအနေဖြင့် ပြိုင်ပွဲတွင် ၁၂ ယောက်ဖြင့် ကစားသွားခဲ့သည်ဟု လှောင်ပြောင်ပြောဆိုလိုက်သည်။

လာလီဂါ အမှတ်ပေးဇယားအား ဦးဆောင်နေသည့် ရီးယဲလ်အသင်းအနေဖြင့် တတိယနေရာမှ လိုက်ပါဖိ အားပေးနေ သော ဘာစီလိုနာအသင်းအား ရှုံးနိမ့်ခဲ့မှုသည် အထိနာသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး အမှတ်ပေးဇယားအား ဦးဆောင်ခွင့်ကိုလည်း မြို့ခံပြိုင်ဘက် အက်သလက် တီကိုအသင်းထံ လွှဲပေးခဲ့ ရသည်။

ကွင်းလယ်ဒိုင် မာလန်ကိုသည် ရီးယဲလ်အသင်းမှ ၃-၂ ဂိုးဖြင့် ဦးဆောင်နေခဲ့သည့်အချိန်၊ ပွဲချိန် ၆၃ မိနစ် တွင် ရီးယဲလ် နောက်ခံလူ ရာမို့စ်ကို ထုတ်ပယ်ခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောကိုလည်း သတ်မှတ်ပေးခဲ့ သည်။ ထို့နောက် ပွဲချိန် ၈၃ မိနစ်တွင်လည်း အင်နီယေစတာအား အလွန်ဆို၏ တားဆီးမှုအပေါ် ပင်နယ် တီထပ်မံသတ်မှတ်ပေးခဲ့၍ ပွဲအပြီးတွင် ရီးယဲလ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ရော်နယ်ဒိုက “ကျွန်တော်တို့က ၁၂ ယောက်ပါဝင်တဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ကွင်းလယ် ဒိုင်လူကြီး မာလန်ကိုဟာ အကြိတ်အနယ်ရှိတဲ့ပွဲတွေကို ကိုင်တွယ်ဖို့ အရည်အချင်းမမီဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါတွေက ဖြစ်နေကျပါ။ ကျွန်တော်တို့ဟာ ဒိုင်လူကြီးတွေရဲ့ မျက်နှာသာပေးမှုကို ဘယ်တုန်း ကမှ မရခဲ့ပါဘူး။ မာလန်ကိုဟာ ဘာစီလိုနာအသင်းကို ချန်ပီယံလုပွဲဆီ ပြန်ပို့ပေးလိုက်တာပါပဲ” ဟု ဒေါသ ထွက်နေသော ပေါ်တူဂီ တိုက်စစ်မှူးက ဆိုသည်။

လက်ရှိအချိန်တွင် လာလီဂါ အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာအား အက်သလက်တီကိုအသင်းမှ ရမှတ် ၇၀ ဖြင့် ဦး ဆောင်ထားပြီး ရီးယဲလ်အသင်းမှာမူ ရမှတ်တူညီခဲ့သော်လည်း ထိပ်တိုက်တွေ့ဆုံမှုအရ ဒုတိ ယနေရာသို့ ကျဆင်းသွားခဲ့သည်။ ဘာစီလိုနာအသင်းမှာမူ ရမှတ် ၆၉ မှတ်ဖြင့် တတိယနေရာတွင် ရပ် တည်နေပြီး ချန်ပီယံဆုအတွက် အသင်းသုံးသင်းဖြင့် အကြိတ်အနယ်ရှိလာပြီဖြစ်သည်။

ရည်ညွှန်း-Mizzima Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...