အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

25 March, 2014

ကြွက်ဘဲဥများ သောင်းကြမ်းချိန်

ကြွက်ဘဲဥများ အစာရှာနေစဉ်
နှစ်သစ်မင်္ဂလာ သင်္ကြန်အခါတော် ရောက်ခါနီးပြီမို့ ကိုကိုကြွက်ဘဲဥများ ဘီယာဖိုး အရက်ဖိုးနှင့် အနွယ်အနှောင်း အငယ်လေးများ အတွက် အစာရှာ ထွက်ကြပါပြီ။ ယာဉ်မောင်း လိုင်စင်မပါ ဘတ် ၂၀၀၊ ဦးထုပ်မပါ ၂၀၀၊ ယာဉ်လိုင်စင် သက်တမ်းမတိုး သက်တမ်းကုန်ရင် ၁၀၀၀ ဝန်းကျင် ရိုက်စား လုပ်ကြပါသည်။ဒါက ထိုင်းနိုင်ငံသား အတွက် တရားဝင် ဥပဒေပါ၊ အခြားနိုင်ငံသားများ အထူးသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ အတွက်ကတော့ အတိအကျ မရှိပါဘူး။ တောင်းရင်း တောင်းသလောက် ညှစ်ရင် ညှစ်သလောက် ပေးရပါတယ်။ ယာဉ်မောင်းလိုင်စင် မရှိရင် ဘတ် ၂၀၀ မှ ဘတ် ၂၀၀၀ ထိ အနိုင်ကျင့် ဗိုလ်ကျတတ်ပြီး ဦးထုပ်မပါရင်လည်း ၂၀၀ မှ ၁၀၀၀ ကျော် အထိ ညစ်ပတ် ရိုက်စား လုပ်တတ်ကြပါတယ်။

ယာဉ်မောင်းလိုင်စင်ရှိတယ်၊ ပတ်စ်ပို့နဲ့ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်ရှိတယ်၊ ဆိုင်ကယ် ဦးထုပ်လည်း အပြည့်အစုံ ပါတယ်ဆိုရင်တောင် ဆိုင်ကယ်စာအုပ်ကို ထုတ်ပြခိုင်းပြီး အနိုင်ကျင့်တတ်ပါသေးတယ်၊ ဆိုင်ကယ်စာအုပ်မျိုးဆိုတာ ဘယ်သူမှ သွားလေရာ ယူမသွားတတ်ပါဘူး၊ အိမ်မှာပဲ သိမ်းထားတတ်ကြပါတယ်။ ကြွက်အကျင့် ကြွက်အကြံဆိုတာ ဒါမျိုးပေါ့။

ယာဉ်မောင်း လိုင်စင်မရှိ ပတ်စ်ပို့မရှိ အလုပ် လုပ်ကိုင်ခွင့် လက်မှတ်တွေသာ မရှိရင်တော့ သေပြီဆရာပဲ။ ဘတ်ငွေ ငါးထောင်မှ သောင်းဂဏန်း အထိ ခြိမ်းခြောက် အနိုင်ယူကြပြီး အချုပ်ထဲမှာ အနည်းဆုံး တစ်ပတ်လောက် နန်းစံပေရော့။ လက်ထဲမှာ ပိုက်ဆံမရှိ၊ အနောက်က လိုက်ရွေးတဲ့သူ မရှိ၊ ကျောထောက် နောက်ခံမရှိရင်တော့ နယ်စပ်ပြန်ပို့ခံရမှာကတော့ ရာခိုင်နှုန်းပိုများပါတယ်။

ဒါကတော့ ရစ်ရွှေရည် အလွန့်အလွန် ကြိုက်တတ်ကြတဲ့ ယမကာလုလင်နှင့် ယမကာ လေဒီများအတွက် အလွန် သတိထားရမယ့် အချက်ဖြစ်ပါတယ်။ အရက် ဘီယာ သောက်ပြီး မောင်းတာ မိရင်တော့ အယ်လ်ကိုဟော စစ်တဲ့စက်နဲ့ အရင်မှုတ်ခိုင်းပါတယ်၊ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် ကျော်နေရင်တော့ အမောင် ကြွက်ဘဲဥများရဲ့ ရိုက်စားခွင်ထဲ အလိုလိုရောက်ပြီး ရေတိမ်နစ်ရပြီပေါ့။ အဲ ... တစ်ခုတော့ ရှိပါတယ်၊ ထိုင်းတွေကိုဆိုရင် ဘတ်ငွေ တစ်သောင်းကနေ တစ်သောင်းခွဲအထိ ဒဏ်ငွေရိုက်ပြီး အချုပ်ထဲ တစ်ညထားပါတယ်။ အခြားနိုင်ငံသားတွေ ဆိုရင်တော့ ဘတ်ငွေ ၇၀၀၀ မှ တစ်သောင်း ဝန်းကျင်အထိ ဝိုင်းသမကြပါတယ်။ ထိုင်းတွေကို ဘာလို့ ဒဏ်ငွေပိုရိုက်ရသလဲ ဆိုရင်တော့ ထိုင်းနိုင်ငံသား ဖြစ်ပြီး ထိုင်းဥပဒေကို မလေးစား မလိုက်နာလို့ပါတဲ့။

~ အဉ္ဖလီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...