မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမျိုးသားကဇာတ်ရုံအနီး
ပန်တျာကျောင်းရှိ အထက်တန်းကျောင်းခွဲတွင် အောက်တိုဘာ ၂၄ ရက် နံနက် ၅ နာရီက
စာသင်ဆောင်တစ်ခု မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ် လမ်း ၂၀ နှင့် ၂၂ လမ်း၊ ၆၆ လမ်းမ
အနှိပ်တော်ရပ်ကွက်ရှိ အနုပညာဦးစီးဌာန ရုံးဝင်းအတွင်း ပန်တျာကျောင်း၏
အမှတ်(၁၇) အထက်တန်းကျောင်းခွဲတွင် မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုမှာ မိနစ် လေးဆယ်ခန့်
ကြာမြင့်ခဲ့ပြီး နှစ်ပေါင်းငါးဆယ်ကျော်ပြီဖြစ်သော အလျားပေ ၇၀၊ အနံ ၁၆ ပေရှိ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ကြွပ်မိုး စာသင်ဆောင်တစ်ခု မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသော ၀ိုင်ယာကြိုးများ
အသုံးပြုကာ ဘုရားမီးထွန်းရာမှ သက်တမ်းလွန်ဝိုင်ယာကြိုးများ ပေါက်ပြဲ၍
လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်ြး ဖစ်သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပျမ်းမျှတွက်ချက်မှုအရ ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် ခြောက်သိန်းခန့်ဟု မီးသတ်ဦးစီးဌာနက ခန့် မှန်းသည်။
ယင်းမီးလောင်ကျွမ်းမှုမှာ မီးရှူးမီးပန်းများ ပစ်ဖောက်သကဲ့သို့
မီးရောင်များ လင်းထိန်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူအချို့က
ပြောသည်။
““အဲဒီအချိန်က လေငြိမ်နေလို့ တော်သေးတာ။ ကျွန်မတို့ဆို
အိမ်ဂရန်တွေ ဘာတွေတောင်ထုပ်ပြီး ကလေးတွေနဲ့ ပြေးဖို့လုပ်နေတုန်း
ငြိမ်းသွားတာ””ဟု အခင်းဖြစ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မီးသတ်ယာဉ် ၁၈ စီး နှင့် မီးသတ်ဝန်ထမ်းတစ်ရာကျော်ခန့် လာရောက်ငြှိမ်းသတ်ပေးခဲ့သည်ဟု မီးသတ်တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာလ ၁၆ ရက် ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊
ချမ်းမြသာယာရပ်ကွက်တွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး မီးခြစ်ဖြင့်
ဗြောက်အိုးဖောက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ် ၁၅ လုံးခန့်
မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။
မီးလောင်ကျွမ်းပျက်စီးသွားသည့်စာသင်ဆောင်ကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော်
7Day Daily
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမျိုးသားကဇာတ်ရုံအနီး
ပန်တျာကျောင်းရှိ အထက်တန်းကျောင်းခွဲတွင် အောက်တိုဘာ ၂၄ ရက် နံနက် ၅ နာရီက
စာသင်ဆောင်တစ်ခု မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြေသာစံမြို့နယ် လမ်း ၂၀ နှင့် ၂၂ လမ်း၊ ၆၆ လမ်းမ အနှိပ်တော်ရပ်ကွက်ရှိ အနုပညာဦးစီးဌာန ရုံးဝင်းအတွင်း ပန်တျာကျောင်း၏ အမှတ်(၁၇) အထက်တန်းကျောင်းခွဲတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုမှာ မိနစ် လေးဆယ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ပေါင်းငါးဆယ်ကျော်ပြီဖြစ်သော အလျားပေ ၇၀၊ အနံ ၁၆ ပေရှိ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ကြွပ်မိုး စာသင်ဆောင်တစ်ခု မီးလောင်ကျွမ်းပျက်စီးခဲ့သည်။
နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသော ၀ိုင်ယာကြိုးများ အသုံးပြုကာ ဘုရားမီးထွန်းရာမှ သက်တမ်းလွန်ဝိုင်ယာကြိုးများ ပေါက်ပြဲ၍ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်ြး ဖစ်သည်ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပျမ်းမျှတွက်ချက်မှုအရ ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် ခြောက်သိန်းခန့်ဟု မီးသတ်ဦးစီးဌာနက ခန့် မှန်းသည်။
ယင်းမီးလောင်ကျွမ်းမှုမှာ မီးရှူးမီးပန်းများ ပစ်ဖောက်သကဲ့သို့ မီးရောင်များ လင်းထိန်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူအချို့က ပြောသည်။
““အဲဒီအချိန်က လေငြိမ်နေလို့ တော်သေးတာ။ ကျွန်မတို့ဆို အိမ်ဂရန်တွေ ဘာတွေတောင်ထုပ်ပြီး ကလေးတွေနဲ့ ပြေးဖို့လုပ်နေတုန်း ငြိမ်းသွားတာ””ဟု အခင်းဖြစ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မီးသတ်ယာဉ် ၁၈ စီး နှင့် မီးသတ်ဝန်ထမ်းတစ်ရာကျော်ခန့် လာရောက်ငြှိမ်းသတ်ပေးခဲ့သည်ဟု မီးသတ်တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာလ ၁၆ ရက် ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်တွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး မီးခြစ်ဖြင့် ဗြောက်အိုးဖောက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ် ၁၅ လုံးခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။
မီးလောင်ကျွမ်းပျက်စီးသွားသည့်စာသင်ဆောင်ကိုတွေ့ရစဉ် ဓာတ်ပုံ-ညီညီဇော်
7Day Daily
အောင်မြေသာစံမြို့နယ် လမ်း ၂၀ နှင့် ၂၂ လမ်း၊ ၆၆ လမ်းမ အနှိပ်တော်ရပ်ကွက်ရှိ အနုပညာဦးစီးဌာန ရုံးဝင်းအတွင်း ပန်တျာကျောင်း၏ အမှတ်(၁၇) အထက်တန်းကျောင်းခွဲတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုမှာ မိနစ် လေးဆယ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ပေါင်းငါးဆယ်ကျော်ပြီဖြစ်သေ
နှစ်ကာလ ကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသော ၀ိုင်ယာကြိုးများ အသုံးပြုကာ ဘုရားမီးထွန်းရာမှ သက်တမ်းလွန်ဝိုင်ယာကြိုးများ ပေါက်ပြဲ၍ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်ြး
ပျမ်းမျှတွက်ချက်မှုအရ ဆုံးရှုံးမှုတန်းဖိုးမှာ ကျပ် ခြောက်သိန်းခန့်ဟု မီးသတ်ဦးစီးဌာနက ခန့် မှန်းသည်။
ယင်းမီးလောင်ကျွမ်းမှုမှာ မီးရှူးမီးပန်းများ ပစ်ဖောက်သကဲ့သို့ မီးရောင်များ လင်းထိန်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူအချို့က ပြောသည်။
““အဲဒီအချိန်က လေငြိမ်နေလို့ တော်သေးတာ။ ကျွန်မတို့ဆို အိမ်ဂရန်တွေ ဘာတွေတောင်ထုပ်ပြီး ကလေးတွေနဲ့ ပြေးဖို့လုပ်နေတုန်း ငြိမ်းသွားတာ””ဟု အခင်းဖြစ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
မီးသတ်ယာဉ် ၁၈ စီး နှင့် မီးသတ်ဝန်ထမ်းတစ်ရာကျော်ခန့် လာရောက်ငြှိမ်းသတ်ပေးခဲ့သည်ဟု မီးသတ်တာဝန်ရှိသူက ဆိုသည်။
အောက်တိုဘာလ ၁၆ ရက် ကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်တွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး မီးခြစ်ဖြင့် ဗြောက်အိုးဖောက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ အိမ် ၁၅ လုံးခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။
မီးလောင်ကျွမ်းပျက်စီးသွားသည့်စ
7Day Daily