အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 October, 2013

"အူမ - မတောင့်ပေမယ့် သီလစောင့်ပါ" .....

"အူမ - မတောင့်ရင် သီလမစောင့်ဘူး" ဆိုတဲ့စကားဟာ လူမိုက် အားပေး စကားးး

အလုပ်အဆင်မပြေလို့ ငတ်နေရင် ခိုးသင့် ခိုးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ...

ကိုယ့်ဘ၀ကို တန်ဖိုးထားတဲ့သူဆိုတာ အူမ - မတောင့်လည်း သီလစောင့် ရမယ် ...

အူမ - မတောင့်ဘူးဆိုတာ ဆင်းရဲတာကို ပြောတာပဲ

.....

ဆင်းရဲခြင်းရဲ့အကြောင်းဟာ နှစ်မျိုးရှိတယ် ...

(၁) မလှူခဲ့လို့လည်း ဆင်းရဲတယ် ...

(၂) သူတစ်ပါးဥစ္စာကို ခိုးခဲ့လို့လည်း ဆင်းရဲတယ် ...

မလှူခဲ့လို့ ဆင်းရဲတဲံသူဟာ ၀ီရိယနဲ့ ကြိုးကြိုးကုတ်ကုတ် ရှာဖွေရင် မချမ်း သာတောင် လူတန်းစေအောင်တော့ အဆင်ပြေသေးတယ် ...

သူတစ်ပါးဥစ္စာခိုးခဲ့လို့ ဆင်းရဲတဲ့သူကတော့ ဘယ်လောက်ရှာရှာ မွဲနေမှာ ပဲတဲ့ .....

ဘာဖြစ်လို့လဲဆိုတော့ သူရှာလို့ရတဲ့ စည်းစိမ်ဥစ္စာတွေကို ရေ ... မီး ... မင်း ... ခိုးသူ ... မချစ်မနှစ်သက်တဲံ အမွေခံဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး တစ်ပါးပါးက မပျက်ပျက်အောင် ဖျက်ဆီးတတ်လို့ပဲ .....

ဒါကြောင့် -

သူတစ်ပါး မပေးတာဆိုရင် ကောက်ရတာတောင် မယူချင်နဲ့ ... ပိုင်ရှင်ကို မရရအောင် စုံစမ်းပြီး ပြန်ပေးရမယ် .....

"မရှိလို့ မလှူ ... မလှူလို့ မရှိ" ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကြီး မလည်အောင် သီလ ကိုတော့ မဖြစ်ဖြစ်အောင် စောင့်ပါလို့ တိုက်တွန်းပါရစေ .........


(မေတ္တာရှင် - ရွှေပြည်သာ)


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင်ကြ ပါစေ ~~~

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...