အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 October, 2013

တောင်အာဖရိတွင် ကလေးနှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူများအား ရုံးထုတ်

Photo: တောင်အာဖရိတွင် ကလေးနှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူများအား ရုံးထုတ်
Friday, October 25, 2013

ဂျိုဟန်နက်စဘက် မြောက်ဘက်ပိုင်းရှိ ရပ်ကွက်တွင် ကလေးနှစ်ဦး ပျောက်သွားသည့်နောက် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း ရင်နာစရာ အဖြစ်ကိုသာ ကြုံခဲ့ရ

တောင်အာဖရိတွင် ကလေးနှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူများအား ရုံးထုတ်တောင်အာဖရိက နိုင်ငံတွင် လူမမယ် ကလေးမလေး နှစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သွားသည့် သတင်းသည် တစ်နိုင်ငံလုံးကို ခြောက်ခြား တုန်လှုပ်သွားစေခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိကသည် မုဒိမ်းမှု အဖြစ်အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တစ်မိနစ်တိုင်း မုဒိမ်းမှုတစ်ကြိမ်မျှ ဖြစ်ပေါ်နေသည့် မှတ်တမ်းဆိုးမျိုး ရှိနေသည်။ သို့သော်လည်း ဒီယက်ပ်ဆလွတ်တွင် ဝမ်းကွဲညီအစ်မ မိန်းကလေး နှစ်ဦးကို နေ့ခင်းကြောင်တောင် ဖမ်းခေါ်သွားသည့် မုဒိမ်းမှုကမူ ကြာသိသူတိုင်းအတွက် အော့နှလုံးနာစရာ ဖြစ်လာခဲ့သည်။ ယိုနီလီဆာနှင့် ဇန်ဒီလီမာလီတို့ နှစ်ဦးသည် နေ့ခင်းဘက် နေအိမ်ရှေ့တွင် ရှိနေစဉ်မှာပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဂျိုဟန်နက်စဘက် မြောက်ဘက်ပိုင်းရှိ ရပ်ကွက်တွင် ကလေးနှစ်ဦး ပျောက်သွားသည့်နောက် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း ရင်နာစရာ အဖြစ်ကိုသာ ကြုံခဲ့ရသည်။

အောက်တိုဘာ (၁၅)ရက်နေ့တွင် (၂)နှစ်နှင့် (၃)နှစ်အရွယ် ကလေးနှစ်ဦး၏ အသက်ဝိညာဉ် ကင်းမဲ့နေသော အလောင်းများကို ဒီယက်ပ်ဆလွတ်ရှိ အများသုံး အိမ်သာ တစ်ခုထဲတွင် ကြေကွဲဖွယ်ရာ တွေ့ရှိခဲ့သည်။ နှစ်ဦးလုံး ဆိုးရွားယုတ်မာသော လိင်အကြမ်းဖက်မှုကို ခံထားရသည်။ ယခုအဖြစ်အပျက်သည် တောင်အာဖရိကတွင် မုဒိမ်းမှုများအပေါ် သာမန်မျှသာ သဘောထားနေမှုမှ လှုပ်နှိုးလိုက်သည့်သဖွယ် ဖြစ်လာသည်။ ရဲတပ်ဖွဲ့သည် ပြန်ပေးမှု၊ မုဒိမ်းမှု၊ လူသတ်မှုများဖြင့် အနည်းဆုံး လူ(၅)ဦးမျှကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ယင်းတို့ကို ကြာသပတေးနေ့က ပရီတိုရီးယားတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။ စုံထောက်များက လက်ရှိတွင် DNA တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု CNNသို့ ပြောကြားခဲ့သည်။ ယင်းတို့အနက် အနည်းဆုံး တစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီဟု ယုံကြည်ရပြီး တရားရေး ကန့်သတ်ချက်များအရ ၎င်း၏ အမည်ကိုမူ မီဒီယာများထံ အသိပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 

Planet Myanmar Network

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...