အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 May, 2013

လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ


မြစ်ကြီးနားမြို့ ၊ လယ်ကုန်း ရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓ ဆင်းတုတော် ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံးကို တွေ့ရှိ ခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ် စည်ကား လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လယ်ကုန်း ရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်က...မ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီးမောင်နှံ သည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ တာဝန်ပေး အကူအညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများ ခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလ တစ်လျှောက် လုပ်ကိုင် ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ် ဗျက်အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိသော်လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။ မေလ ၃ ရက်နေ့ တွင် ဖယောင်းတိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ ရောင်ပြန်လွှတ် သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေ တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ရတနာ ပစ္စည်းဆိုင်မှ ကော်ပတ်ဖြင့် အချော တိုက်ချွတ် ပေးမှ အဆိုပါ ကျောက်အတွင်း ဥာဏ်တော် တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓဆင်းတုတော် နှင့် ကြာမှောက် ကြာလှန် ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက်တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။

ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည်ပြီး မပြတ်လတ်ဘဲ နေ့စဉ် ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...