ဗုဒ္ဓရဲ့ အဆုံးအမအရတော့ သူ့ဟာသူ (မွတ်ဆလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ဂျူးဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်) သူတစ်ဖက်သားရဲ့ စားဝတ်နေရေးကို
ကျပ်တည်းအောင်လုပ်တာ ၊ ဒီလို အကျပ်အတည်းဖြစ်နေတာကို ၀မ်းမြောက်ဝမ်းသာဖြစ်နေတာဟာ
“အပယ်(၄)ဘုံ” အနက် မစားရမသောက်ရတဲ့ပြိတ္တာဘုံကို သွားလမ်းဘဲ။
ပြိတ္တာလမ်းစဉ်လိုက်နေတာဘဲ။ မယုံဘူးဆိုရင် (တကယ် သမာသမတ်ရှိတဲ့ သံဃာတော် အစစ် တစ်ပါး) ကို သွားမေးကြည့်။ ဒါ
ဗုဒ္ဓတရား မဟုတ်ဘူးဆိုရင် ပါးအရိုက် ခံလိုက်မယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ အယူလွဲနေကြပြီ။ “သာသနာ” ဆိုတဲ့ အဓိပ္ပါယ်က “အဆုံးအမ” ပါ။
ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာခြင်းဟာ “သာသနာ” ကို စောင့်ရှောက်ခြင်း အစစ်ပါ။
(တင်ဘိုဘို)ဝီရ
ဓမ္မဦးဇင်းလည်းမပြောဘူးလို့နေတာပါ။ ဒါပေမယ့် ပြောရမယ့်အခြေအနေ ဆိုတော့
ပြောပါပြီ။ ဗုဒ္ဓ= မြတ်စွာဘုရား၊(အလုံးစုံသိသူ)၊ ဘာသာဆိုတာ=
မြတ်စွာဘုရားရှင်၏စကားတော်၊ သာသနာဆိုတာက= အဆုံးအမ၊ ဘာသာနဲ့သာသနာ
စကားလုံးချင်းကွဲပေမယ့် မြတ်စွာဘုရားရှင်၏ စကားတော်သည် အဆုံးအမပင်ဖြစ်တယ်ဆိုတော့
အတူတူပါပဲ။ သာသနာဝင်(ဘာသာဝင်) ဆိုတာက ထိုမြတ်စွာဘုရားရှင်၏
အဆုံးအမတော်(စကားတော်)ကို လိုက်နာကျင့်ကြံသူလို့ဆိုပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမကို
လိုက်နာခြင်းဟာ သာသနာကို စောင့်ရှောက်ခြင်းဆိုတာ မှားတယ်လို့မဆိုလိုပါဘူး။
ကိုယ်တစ်ယောက်တည်း လိုက်နာနေလို့ စောင့်ရှောက်နေလို့ သာသနာတည်မလား။
အဲဒီမြတ်စွာဘုရားရှင်၏ အဆုံးအမကို လိုက်နာဖို့ဆိုတာ အားလုံးမှာ တာဝန်မရှိဘူးလား။
ဘာသာရေးလိုက်စားသူတွေ သက်သက်ပဲ တာဝန်ရှိတာလား။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေပဲ
လိုက်နာရမှာလား။ သာသနာ့ဝန်ထမ်းရှင်ရဟန်းတွေလိုက်နာမှ သာသနာတည်မှာလား။ လူတွေရော
လိုက်နာမသင့်ဘူးလား။ လူပုဂ္ဂိုလ်အားလုံး လိုက်နာနေကြပြီလား။ လူပုဂ္ဂိုလ်တွေအားလုံး
လိုက်နာတယ်ဆိုရင် ဦးဇင်းတို့ ဘာမှတောင် ဟောပြော ရေးသားစရာမလိုဘဲ
ကိုယ့်တရားကိုယ်နှလုံးသွင်းပြီး နေမယ်ဆိုရင် ကြောင့်ကျမဲ့ နေလို့ရမည့် အနေထားပါ။
အခုက လူတွေတော်တော်များများမှာ သြကာသ ကန်တော့ချိုးတောင် ဖြောင့်တန်းအောင်
ဆိုနိုင်ကြပြီလား။ မင်္ဂလသုတ်တွေ၊ မေတ္တာသုတ်တွေ၊ ဝိပဿနာတရားတွေဆိုတာ ဝေးပါသေးတယ်။
ဗုဒ္ဓဘာသာဆိုတာ ဘာလဲ၊ ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဆိုတာကိုတောင် ပြောဖို့ တော်တော်ခက်နေတဲ့
လူတွေ အများကြီး ရှိမနေကြဘူးလား။ အဲဒီလို ဘာသာရေးအခြေခံနည်းတဲ့ လူများကို ဟောဖို့
ပြောဖို့ ဆုံးမဖို့ဆိုတာ သံဃာတော်တွေမှာ တာဝန်မရှိဘူးလား။ ကိုယ့်ဘာသာဝင်တွေ
ဆုံးမပိုင်ခွင့် မရှိဘူးလား။ မသိသေးသူများကို သိစေခြင်း သိပြီးသူများ
သိသည်ထက်သိအောင် ဆုံးမပေးဖို့ တာဝန်ရှိတယ်။ ဆုံးမလို့ရမည့်သူကို ဆုံးမမှာဖြစ်ပြီး
ဆုံးမလို့မရမည့်သူကို ဆုံးမမှာမဟုတ်ပါဘူး။ ကိုယ်မနာခံချင်လို့
ဆန့်ကျင်ချင်တယ်ဆိုရင် ဆန့်ကျင်ပါ။ ဒါပေမယ့် သူများကို ဆွဲမထည့်ပါနဲ့။
ကိုယ့်ဘာသာဝင်များ
ရောင်းချတဲ့ဆိုင်ကို အားပေးစေချင်တာက သူတစ်ပါးစီးပွားရေးကို
ဖျက်ပစ်ခိုင်းတာမဟုတ်ဘူး။ ကိုယ့်ဘာသာဝင်တွေရောင်းတဲ့ဆိုင်ကို အားပေးပါဆိုတဲ့ စကားက
ဦးဇင်းတို့လို ဘာမဟုတ်တဲ့ စာသင်သားအရွယ်စကားမဟုတ်ဘူး။ ကမ္ဘာကျော်မင်းကွန်းတိပိဋကဓရ
ဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်တော်မူခဲ့တဲ့ စကားပင်ဖြစ်ပါတယ်။ ဒီစကား
ဒီအဆုံးအမကို ယခုအချိန်မှာ အလွန်နေရာကျလို့ ကိုယ့်ဘာသာရောင်းတဲ့ဆိုင်ကို
အားပေးပါလို့ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဘာသာခြားတွေရောင်းတဲ့ဆိုင်ကို
ပိတ်ခိုင်းတာမဟုတ်ဘူး။ မီးရှို့ခိုင်းတာမဟုတ်ဘူး။ ပြိတ္တာဘုံရောက်စေတဲ့အကုသိုလ်ကံ
ဆိုတာ ဒီလိုမျိုးမဟုတ်ဘူး။ သူတစ်ပါးအလှူကို ကန့်ကွက်တာ ပိတ်ပင်တာ တားဆီးတာ
စတဲ့အကုသိုလ်ကံမျိုးသည်သာလျှင် ပြိတ္တာဖြစ်စေတတ်တဲ့ အပါယ်ကျစေတတ်တဲ့ အကုသိုလ်ကံပါ။ အကျဉ်းချုပ်ပြီးပြောရရင်
သူတစ်ပါးပြုလုပ်မယ့် ကုသိုလ်တရား၊ (ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊
ဝိပဿနာပွားခြင်း မေတ္တာပွားခြင်း ဝေယျာဝေစ္စကုသိုလ်များ) စတဲ့ သူတစ်ပါးပြုလုပ်မည့်
ကုသိုလ်တရားများကို မအောင်မြင်အောင်၊ မလုပ်ဖြစ်အောင် တားဆီးပိတ်ပင်တဲ့
အကုသိုလ်ကံသည်သာ ပြိတ္တာဘုံရောက်ကြောင်း၊ အပါယ်ကျကြောင်းပင် ဖြစ်ပါတယ်။
ဆက်လက်ပြီးပြောပါဦးမည်။
ဗုဒ္ဓဘာသာဝင်တစ်ယောက် ဗုဒ္ဓဘာသာဝင်ဆိုင်တစ်ဆိုင်မှာ ဈေးဝယ်သည် ဆိုပါစို့။
အဲဒီဆိုင်ရှင်ဟာ ရောင်းလို့ရတဲ့ ငွေထဲက အမြတ်ငွေကို ဗုဒ္ဓသာသနာအတွက်
အထောက်အကူပေးမှာဖြစ်ပါယ်။ ဒါဆိုရင် ကိုယ်ပေးလိုက်တဲ့ငွေက ကိုယ့်ဘာသာ ကိုယ်လူမျိုး
ကိုယ်သာသနာအတွက် တကယ်ကောင်းကျိုးဖြစ်မည့် ငွေဖြစ်တာကြောင့်
ကုသိုလ်များပင်ရစေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဘာသာခြားဆိုင်ကို သွားဝယ်လိုက်သည်
ဆိုပါစို့။ အဲဒီငွေထဲက အမြတ်ငွေက ဗုဒ္ဓသာသနာအတွက်လား၊ သူတို့သာသနာအတွက်လား
သေချာစဉ်းစားနော်။ အဲဒီအမြတ်ငွေတွေနဲ့ပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးကို ခြေမှုန်းဖို့
အင်အားတစ်ရပ် ဖြစ်တယ်ဆိုတာ အာလုံးတွေ့မြင်ဖူးကြတာပဲမဟုတ်လား။
ဒါဆိုကိုယ်ဈေးဝယ်မှားတာက ကိုယ့်ဘာသာကို ဖျတ်ဆီးဖို့ အားပေးသလိုဖြစ်နေတယ်ဆိုတော့
အဆိပ်ပင်ကို ရေလောင်းတာနဲ့ တူမနေဘူးလား။ အဲဒါကသာလျှင်
အဆိပ်ပင်ကိုရေလောင်းတာနဲ့တူပြီး ကိုယ့်ဈေးဝယ်တာမှားယွင်း မှုကြောင့်ပင် ဘာသာ
သာသနာ လူမျိုးကို ဖျတ်ဆီးမည့်သူအား အားပေးရာရောက်ခြင်းကြောင့် ပြိတ္တာဘုံသွားမည့်
လမ်းစဉ်၊ အပြစ်မကင်းတဲ့အလုပ်မျိုးဆိုတာကိုရော စဉ်းစားမိလား။
တကယ်လို့သာ အထက်ပြောတဲ့အတိုင်း
ကိုယ့်လူမျိုး ကိုယ့်ဘာသာဆိုင်ကို ဝယ်ယူအားပေးကြပါလို့ တိုက်တွန်းခြင်းဟာ
ပြိတ္တာဘုံရောက်စေသည့် လမ်းစဉ်ဖြစ်မည်ဆိုပါက အရှေ့ဆုံးမှနေ၍
ဦးဇင်းအရောက်ခံမည်ဖြစ်ပါသည်။ ထိုထက်ပိုဆိုးသော ငရဲကြီးရှစ်ထပ်ရဲ့
အောက်ဆုံးအထပ်ဖြစ်သော အလွန်ဒုက္ခကြီးတဲ့ အဝီစိငရဲကြကြောင်း ဖြစ်မည်ဆိုပါကလည်း
အမျိုး ဘာသာ သာသနာအတွက် ရှေ့ဆုံးမှပင် အကျခံသွားမည်ဖြစ်ပါကြောင်းထပ်လောင်းပြီး
အသိပေးလိုက်ပါရစေ။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်)များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)