အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 May, 2013

ကမ္ဘာ့တတိယအကြီးဆုံး နေစွမ်းအင်စက်ရုံ မင်းဘူးမှာ တည်ဆောက်မည်

ကမ္ဘာပေါ်မှာတတိယမြောက်အကြီးမားဆုံးဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံကို မကွေးတိုင်း မင်းဘူးမြို့မှာ တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်ဖို့ မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံအခြေစိုက် GEP- Green Earth Power ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်
...
ဒေါ်လာ ၂၇၅ သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့် အဲဒီနေရောင်ခြည်စွမ်းအင်သုံးစက်ရုံဟာ လျှပ်စစ်မီဂါဝပ် ၂၁၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စက်ရုံတည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကို ချေးငွေနဲ့လည်ပတ်မှာဖြစ်ကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ နှစ်ဘက်အညီအမျှ ခွဲဝေကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

စက်ရုံက ထွက်လာတဲ့ စွမ်းအင်ရောင်းချရေး သဘောတူညီချက်ကို လာမယ့် ရက် ၉၀ အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ GEP ဥက္ကဌ Paul Bernard Yang က ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာကို ပြောကြားပါတယ်။

ဒီအတောအတွင်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄ဝဝဝ ဖိုးနီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တုန်းကတော့ ဒေါ်လာ သန်း ၃၅ဝဝ ဖိုး ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...