အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 May, 2013

ဆောင်းဦးလှိုင် - အမှန်တရားသာထွန်းကားမယ်ဆို ကျွန်တော်တို့မြန်မာနိုင်ငံဟာ အင်မတန်နေပျော်လို့ကောင်းတဲ့ နိုင်ငံဖြစ်လာမှာပါ

ကျွန်တော်တို့မြန်မာနိုင်ငံပြည် တွင်းထဲမှာ ကျွန်တော်တို့နဲ့အတူ ဒုက္ခသုခတွေ
ကို မျှဝေခံစားပေးနေတဲ့အဆိုတော်တွေအများကြီးရှိပါတယ်။ သူတို့ရဲ့
နာမည်ကြီးသီချင်း တွေကလည်း အများကြီးပါပဲ။ သူ တို့ရဲ့ဖျော်ဖြေပွဲတွေ၊ သီချင်းတွေကို ကြည့်ချင်နားထောင်ချင်ပါတယ်

သူတို့ကို နိုင်ငံခြားကပြန်လာတဲ့အဆိုတော်တွေလိုမျိုး ရှိုးကြီးကြီးတွေ လုပ်စေချင်တယ်။ ဟိုကပြန်လာတဲ့ အဆိုတော်ကြီးတွေက ပြန်လာပြီး ပွဲလုပ်တယ်။ သူတို့ပြန်သွားဦးမှာ လားဆိုတာ မသိနိုင်ဘူး။ သူတို့က ကမ္ဘာရဲ့နံပါတ်တစ်နိုင်ငံနတ်ဘုံနတ် နန်းက နတ်စည်းစိမ်တွေကိုခံစားပြီး ပြန်
လာတာ။ အဲဒါကြောင့် ကျွန် တော်တို့နဲ့အတူ ဒုက္ခသုခတွေကို မျှဝေ ခံစားပေးတဲ့ပြည်တွင်းကအဆို တော်တွေကို ပိုသံယောဇဉ်ရှိတယ်။

မိုက်ကယ်လန်းလိုအဆိုတော်မျိုး မြန်မာနိုင်ငံကိုလာတာ သွားအား ပေးသင့်
တယ်။ ဒါပေမဲ့ ဈေးနည်း နည်းမြင့်လို့ တီဗွီကနေပဲအားပေး ဖြစ်ခဲ့တယ်။ မိုက်ကယ်လန်းပွဲမ အောင်မြင်ဘူးလို့ကြားရတာ စိတ်မ ကောင်းဘူးဗျာ။ မိုက်ကယ်လန်း ကြောင့် မြန်မာနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့အဆိုတော်တွေ
အများကြီးရှိခဲ့တယ်။ သူတို့အနေနဲ့ မိုက်ကယ် လန်းကိုသွားအားပေးသင့်
တယ်။ မိုက်ကယ်လန်းသီချင်းကို ယူဆိုထား ပြီး အောင်မြင်ပြီးမှ တကယ့်
မူပိုင်ရှင် ရောက်လာတော့ သွားအားမပေးတာကို ဘယ်လိုတွေများ
ဖြစ်ကုန်ပါ လိမ့်ဆိုပြီးသံဝေဂရမိတယ်။

ဘယ် နိုင်ငံဘယ်လောကတိုးတက်ဖို့ဆိုရင် အမှန်တရားထွန်းကားဖို့တော့ လို အပ်တယ်။ မိုက်ကယ်လန်းပွဲမှာ လူသိပ်မရှိဘဲ သူ့သီချင်းယူဆိုနေတဲ့ လူတွေရဲ့ပွဲမှာ ပရိသတ်တွေကြိတ် ကြိတ်တိုးနေတာကတော့ အမှန် တရားမထွန်းကားတာလို့ပဲ ကျွန် တော်ထင်တယ်။ ဒီနေ့စီးပွားရေး လောကမှာ
တောင်သူလယ်သမားတွေပိုက်ဆံမရဘူး။ ဆင်းရဲတွင်း နက်နေကြတယ်။ အေ<ကးတွေဝိုင်း နေကြတယ်။ ကျွန်တော်တို့စားသုံးသူတွေမှာလည်း ကုန်ဈေးနှုန်းကျတယ်ဆိုတာ တစ်ခါမှမရှိဘူး။ စိုက်ပျိုးတဲ့သူကလည်းမရ၊ စားသုံးတဲ့လူ တွေကလည်းမသက်သာ၊ ကြားက ဘယ်သူတွေအမြတ်ကြီး
စားနေလဲဆိုတာ ဖော်ထုတ်ရမယ်။ အဲဒါ စီးပွားရေးလောကမှာ အမှန်
တရားမထွန်းကားလို့ပဲ။ အမှန်ဆိုရင် စိုက်ပျိုးမွေးမြူတဲ့သူတွေလည်း ခံစားခွင့် ရသင့်တယ်။ စီးပွားရေးသမားတွေကိုလည်း အမြတ်မယူနဲ့လို့ပြောတာ မဟုတ်ပါဘူး။ အမြတ်ယူပါ။ ဒါပေ မဲ့ နှစ်ဦးနှစ်ဖက်ပြေလည်အောင်
အမြတ်ယူသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒီနေ့ ကျွန်တော်တို့တိုင်းပြည်
မှာ လူမျိုးရေး၊ ဘာသာရေး မပြေလည်မှုတွေ၊ မကြေလည်မှု တွေဖြစ်နေ
တာဟာ တိုင်းပြည်မှာ အမှန်တရားမထွန်းကားလို့ပါ။ အမှန်တရားသာ
ထွန်းကားရင် ကျွန်တော်တို့လူ့ဘောင်ကြီး အင်မတန် နေပျော်သွားမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့မြေသြဇာဟာ ဘာအပင်ပဲစိုက်စိုက် အောင်မြင်
တဲ့နတ် မြေသြဇာမြေမျိုးဖြစ်သလို မြစ်တွေ၊ ချောင်းတွေကလည်း ရေကောင်း ရေသန့်တွေပေါများတဲ့နိုင်ငံဖြစ်လို့ အမှန်တရားသာထွန်းကားမယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံဟာ အင်မတန်နေပျော်လို့ကောင်းတဲ့နိုင်ငံတစ်ခု
ဖြစ်လာမှာပါ။

8 DAYS A WEEK ENTERTAINMENT

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...