အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

11 May, 2013

သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ ပိုင်ဆိုင်သည့် ဆိပ်ကမ်း တည်ဆောက်ခွင့်ပြု

သီလဝါဆိပ်ကမ်းတွင် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ ပိုင်ဆိုင်သည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး
အဖွဲ့ချုပ်၏ တရားဝင် ထုတ်ပြန်ထားသော သတင်းအရ သိရှိရပါသည်။
...
ယင်းဆိပ်ကမ်းကို သီလ၀ါဆိပ်ကမ်း အကွက်နံပါတ် ၂၈ တွင် တည်ဆောက်ခွင့် ရခဲ့ပြီး တန်ချိန် သုံးသောင်း နီးပါး အတင်အချ
ပြုလုပ်နိုင်သည့် ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်မည်
ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင် များဖြင့်ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်းမှ တည်ဆောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချူပ်မှ ဒေါက်တာစိုးထွန်က “ဆိပ်ကမ်းက ဆန်စပါးတမျိုးတည်းအတွက် တည်ဆောက်တဲ့ ဆိပ်ကမ်းမဟုတ်ပါဘူး။ လယ်ယာထွက်ကုန်များ အသုံးပြုလို့ ရပါတယ်။ ပြီးစီးမဲ့ အချိန်ကို နှစ်နှစ်အတွင်း ပြီးမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဆိုသည်။

ဆန်စပါးတန်ချိန် ၁ သန်းခွဲနီးပါး တင်ပို့သည့် အချိန်များတွင် ဆိပ်ကမ်းတစ်ခုတည်းတွင် တင်ပို့ပါက ခက်ခဲနိုင်သဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ပဲမျိုးစုံတင်ပို့ ရောင်းချသူများအသင်း အနေဖြင့်လည်း ဆိပ်ကမ်း တည်ဆောက်ခွင့် တင်ထားပြီး လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် လွယ်ကူနိုင်မည် ဖြစ်ကြောင်း သိရသည်။
Mizzima

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...