အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 May, 2013

ယခုပညာသင်နှစ်မှစ၍ ဆရာ ၊ ဆရာမ ပိုခန့်ထားမည်


လာမည့် ၂၀၁၃-၁၄ ပညာ သင်နှစ်တွင် စာသင်ကျောင်းများ ၌ ဆရာ၊ ဆရာမအင်အားလုံ လောက်စွာဖြင့် သင်ကြားနိုင်ရန် အတွက် ဆရာအတတ်ပညာသင် တန်းဆင်းများကို ဆရာ၊ ဆရာမ လိုအပ်လျက်ရှိသော ကျောင်းများ ၌ ထပ်တိုးခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် အခြေခံပညာကျောင်းများ၌ လို အပ်လျက်ရှိသော သင်ထောက် ကူပစ္စည်းများနှင့် သိပံ္ပပစ္စည်းများ ကို စိစစ်ပြီး ဖြည့်စည်းပေးသွား မည်ဖြစ်ပြီး ကွန်ပျူတာနှင့် ဆက် စပ်ပစ်္စည်းများကိုလည်း လက်တွေ့ အသုံးပြုသင်ကြားနိုင်ရန် ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော်က ငွေကျပ် ၉၀၀ ဘီလီယံခန့်ကို ပညာရေးကဏ္ဍအတွက် ယခုနှစ် တွင် သုံးစွဲမည်ဖြစ်ပြီး ရွေးချယ် ခန့်အပ်မည့်သူများကို ဆရာ၊ ဆရာမအရည်အသွေးပြည့်ဝစေရန် အတွက် ဆရာအတတ်ပညာသင် တန်းများသို့ ဆက်လက်တက် ရောက်ရေးအတွက် စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

The Hot News Weeldy

ကိုအောင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...