အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 May, 2013

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ


အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။

- ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။

- ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်စုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့ ရှိကြပါတယ်။

- ရွှေကို အခြား သတ္တုတွေနဲ့ ရောစပ် အသုံးပြုခြင်းကလည်း ရေပန်းစား ပါတယ်။ အခြား သတ္တု တစ်ခုခုကို ရွှေရောလိုက်ခြင်းဖြင့် ပိုမို မာကျော သွားခြင်း၊ အကြမ်းခံခြင်း၊ သန်မာခြင်း တို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး လျှပ်ကူးပစ္စည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ရေခိုးရေငွေ့၊ ရေ၊ တိုက်စားနိုင်သော အခြားသော ဓာတုဓာတ်များနဲ့ ဓာတ်မပြုနိုင်ပဲ ပုံမှန် အနေအထားအတိုင်း အမြဲ တည်ရှိ နိုင်ပါတယ်။

အဓိကကတော့ တာရှည်ခံမှုပါပဲ။ ဘယ်လောက်ပဲ နှစ်တွေပြောင်းသွား ပါစေ ရွှေဟာ သူ့နဂိုအတိုင်းပဲ ကျန်ရှိပါတယ်။ ဒါကြောင့်ပဲ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက လူသားတို့ အသုံးပြုခဲ့တဲ့ ရွှေတွေကို ပြန်လည်တွေ့ရှိတဲ့အခလါ ပုံမပျက်ကို ပြန်တွေ့ရ ပါတယ်။ အပူကြောင့် အရည်ပျော်မယ်ဆိုရင်တောင် ပြန်အေးပြီး ခဲတဲ့အခါ အရင် အတိုင်းပါပဲ။

နောက်ထပ် အရေးကြီးတဲ့ အချက်က ရှားပါးမှု ဖြစ်ပါတယ်။ ပေါပေါပဲပဲရနေရင် ဒီလောက် တန်ဖိုး ထားကြမှာ မဟုတ်ပါဘူး။ အလွယ်တကူ မရနိုင်တဲ့အတွက်လည်း ရွှေကို တန်ဖိုးထားကြပါတယ်။

အရောင်ကလည်း တောက်တော့ အလှဆင်ဝတ်လို့ တင်တယ်ပါတယ်။ ဒါကြောင့် ရှေးယခင်က ငွေကြေးအဖြစ်တောင် ရွှေကို အသုံးပြုခဲ့ကြပါတယ်။ ရွှေကို အတုံးလိုက် အသုံးပြုရာကနေ အင်္ဂါးလို လှလှပပ ဖန်တီး အသုံးပြုပါတယ်။ နောက်တော့ ငွေသတ္တုနဲ့ တွဲသုံးလာပြီး နောက်ဆုံးမှာ ရွှေကို အလှဆင်ဝတ်ဖို့ရန်ပဲ အသုံးပြုတဲ့ အနေအထား သို့ ရောက်လာပါတယ်။

ရွှေကို ပိုက်ဆံ (ငွေကြေးယူနစ်) နေရာမှာ အသုံးပြုနေရာကနေ ပိုက်ဆံကို တန်ဖိုးဖြတ်ပေးတဲ့ ပစ္စည်း အဖြစ်သို့ ပြန်လည်ရောက်ရှိလာပါတယ်။ ယနေ့ ကမ္ဘာမှာ ရွှေရဲ့   အသုံးဝင်မှုက တော်တော်လေး စိုးမိုးနေပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ငွေဈေး၊ ရေနံဈေး  ဆိုပြီး အရေးကြီးတဲ့ ဈေးသုံးဈေးမှာ ရွှေ ကလည်း ပါဝင်နေပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...