မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ နယ်၊ လူဝင်မှုကြီးကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမိုးပွင့် (၅) စီမံချက်အရ နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးရာ ဧပြီလတွင် အခြေပြုကျေးရွာအုပ် စုတစ်ခုအဖြစ် ကုက်္ကိုခွကျေးရွာသို့ သတ်မှတ်၍ အနီးပတ်ဝန်းကျင် (၅) ရွာနှင့် မြို့ပေါ်ရပ်ကွက် (၄) ခုသို့ကွင်းဆင်းခဲ့ပြီး အသက် (၁၀) နှစ်ပြည့် (၁၅၀) ဦး၊ အသက် (၁၈) နှစ်ပြည့် (၁၅၁) ဦး၊ ပေါင်း (၃၀၁) ဦးအား နိုင်ငံသားကတ်ပြား များ နေ့ချင်းပြီး အခမဲ့ပြုလုပ်ပေး ခဲ့နိုင်ကြောင်း သိရှိရသည်။ ယခု မိုးပွင့် (၅) စီမံချက်သည် ယခင် မိုးပွင့်စီမံချက်များနှင့် မတူဘဲ ပြည်သူလူထုသို့ကြိုတင်ကြေညာ ထားပေးပြီး ကြေညာထားသည့် အတိုင်းပွင့်လင်းမြင်သာဖြစ်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ ပြည်သူများ အတွက် ပိတ်ရက်ရှိရဲရဲတင်းတင်း စိန်ခေါ်ဆောင်ရွက်ပေးသည့်စီမံ ချက်ဖြစ်ကြောင်း မြို့နယ်လ၀က ဦးစီးဌာန၊ ဦးစီးမှူးဦးဝင်းလတ်က မြို့နယ်မီဒီယာများသို့အတည်ပြု ပြောကြားလိုက်သည်။
မြို့နယ်လ၀ကမှ မြို့နယ်ဦးစီး မှူးက မိုးပွင့် (၅) စီမံချက်ကို ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန် ချက်အတိုင်းစီမံရေးဆွဲသတ်မှတ် ထားတဲ့နေရာ၊ နေ့ရက်အတိအကျ လိုက်နာပြီး ၀န်ထမ်းများနဲ့ မပျက် မကွယ်ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း အနည်းဆုံးတစ်ပတ်ကြို တင်ပြီး ကြေညာချိတ်ဆွဲကာ လက်ကမ်းစာစောင်များ ဝေတာ တွေပါပြုလုပ်ပေးခဲ့ကြောင်း ကွင်းမဆင်းမီ (၃) ရက်ဆက်တိုင် ညစဉ်အသံချဲ့စက်နှင့် လှည့်လည် ကြေညာပေးခဲ့ကြောင်း ငွေကြေး တစ်ပြားတစ်ချပ်မှမကောက်ခံဘူး လို့ ရဲရဲတင်းတင်းစိန်ခေါ်ပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း ပြော ကြားသည်။
“ကျွန်တော်က မောင်းတိုင် (၂) ရပ်ကွက်နေ ပြည်သူတစ်ဦး ဖြစ်ပါတယ်။ အရင်က မိုးပွင့် (၅) စီမံချက်ဆိုတာတွေ ထားခဲ့ပေမဲ့ မှတ်ပုံတင်ရိုက်ရင်ငွေကုန်မှာပဲဆိုပြီး အချို့ပြည်သူတွေက မိသားစုက ဆင်းရဲ၊ သားသမီးကများတော့ ငွေကုန်မခံတော့ မသွားကြပါဘူး။ အခုကျတော့ ငွေတစ်ပြားမှမပေး ရဘူး။ နေချင်လည်းရတယ်ဆိုတော့ လူတိုင်းလာလုပ်ကြပါတယ်။ ဒါတောင်အုပ်ချုပ်ရေးမှူးက ဓာတ်ပုံရိုက်ထားရမယ်ဆိုလို့ဆိုင်မှာ ဓာတ်ပုံသွားရိုက်တာ (၅၀၀ ကျပ်) တော့ကုန်တာပေါ့လေ။
အခုကျွန်တော့်သားသမီးတွေ နိုင်ငံသားကတ်တွေရလို့ရဲရဲတင်း တင်းခရီးသွားရဲ၊ အလုပ်သွားလုပ် ရဲပါပြီ။ ဒီနှစ်တောင်တွင်းကြီးမြို့က တအားအပူရှိန်ပြင်းပါတယ်။ ဒီလို ပူပြင်းတဲ့အချိန်မှာ လ၀ကဌာနရဲ့ မိုးပွင့်တွေချပေးလို့ရင်ထဲမှာ အေးချမ်းသွားရပါပြီ။ သားသမီး တွေ နိုင်ငံသားကတ်ပြား ကိုယ်စီ ကိုင်ပြီး ပျော်မြူးတာမြင်ရလို့အေး ချမ်းမှုပေးတဲ့ လ၀ကရဲ့မိုးပွင့်ကို ကျေးဇူးအထူးတင်မိဟိုတယ်”ဟု မောင်းတိုင် (၂) ရပ်ကွက်နေဒေသ ခံပြည်သူတစ်ဦးကသူ့အမြင်သဘော ထားကိုပြောပြသည်။
The Hot News Weeldy
ဟင်္သာ(တောင်တွင်းကြီး)