အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 May, 2013

မြန်မာ့ရိုးရာအကကို အားလုံးကတတ် စေချင်တယ်ဆိုတဲ့ ရန်အောင်

အနုပညာ သမား တစ်ယောက်က အကုန်လုပ်တတ်ဖို့ လိုပါတယ်။ အစ်ကိုတို့လည်း အကုန်တတ်လှ ချည်ရဲ့ မဟုတ်ဘူး။ ဒါပေမဲ့ လုပ် တတ်အောင်တော့ ကြိုးစားရတာပဲ။ သူများနိုင်ငံက အနုပညာ ရှင်တွေဆိုရင် သူတို့ရဲ့ ရိုးရာအကကို အကုန် ကတတ်တယ်။ အစ်ကိုတို့ဆိုရင် ကိုယ့်ရဲ့ ရိုးရာအကကို မကတတ် ကြဘူး။ အဲဒါက အစ်ကိုတို့ရဲ့ အား နည်းချက်ပဲ။ အစ်ကိုတို့နိုင်ငံမှာ စိတ် ဓာတ်ရော နိုင်ငံပါ မဖွံ့ဖြိုးသေးတဲ့ အချိန်မှာ ကိုယ့်ရဲ့ ရိုးရာအကကို ကဖို့ဆိုတာရှက်ကြပါတယ်။

"ပုဂံမှာ သာတဲ့လ"ဆိုတဲ့ ဇာတ်ကားက ဇာတ်ကိုအခြေခံပြီး ရိုက်ခဲ့တဲ့ကား ပါ။ အဲဒီကားမှာ အကယ်ဒမီလည်း ရခဲ့ဖူးတယ်။ "ပုဂံမှာသာတဲ့လ"ရိုက် တဲ့ အချိန်တုန်းက အစ်ကိုဇာတ် မင်းသား လုပ်ရတယ်။ ကိုယ့်ရဲ့ ရိုးရာအကကို ကကြည့်တယ်။ တော် တော်လေး ခက်တယ်။ အခြေခံ မရရင် လုံးဝကလို့ မရဘူး။ အဲဒီအချိန် တိုလေး အတွင်းမှာ သင်ပြီး ကရတဲ့ အခါ ဒူးကွေး၊ ရင်ကော့၊ ဖင် ကောက်၊ အပြုံး၊ လက်ချိုး၊ ခြေထိုး အားလုံးကို တစ်ချိန်တည်းမှာ အသုံး ပြုပြီး လှုပ်ရတယ်။ ကရတယ်။


အဲဒါတွေကို အာရုံစိုက် နေရတော့ တစ်ခုက လွတ်သွားတာ မျိုးတွေ ဖြစ်ခဲ့တယ်။ မြန်မာ့ရိုးရာ အကက တကယ်ကို ခက်တယ်။ အဲဒီလို ခက်ပေမယ့် အားလုံးကို တတ်ထားစေ ချင်တယ်။ သူများနိုင်ငံက မင်းသား မင်းသမီးတွေ အားလုံး ကိုယ့်ရိုးရာ အကကို ကောင်းကောင်းကတတ် ကြတယ်။ အစ်ကိုတို့ဆီမှာကျတော့ မကတတ်ကြဘူး။ အဲဒါနဲ့ ကတတ် အောင်သင်ပါ ဆိုတော့လည်း ရှက် သလိုလို၊ ကြောက်သလိုလိုဖြစ်တယ်။ အဲဒီစိတ်ကို ဖျောက်ရမယ်။


အခု အစ်ကိုတို့ အသက်အရွယ်မှာ ထက်၊ ငယ်ငယ်တုန်းက ဇာတ်ကို အရမ်းရွေး ခဲ့ကြတယ်။ ဇာတ်ဆိုရင် ခေါင်ကိုမှ ရွေးပြီး ရိုက်ခဲ့ ကြတယ်။ အခုကျတော့ ဇာတ်က ကိုယ့်ကို ပြန်ရွေးတယ်။ ဗီလိန်ပဲ ဖြစ်ဖြစ် အကောင်းဆုံး ဖြေဖျော်မှုတွေ လုပ်တယ်။ သွားခေါ၊ ဖက်တီး၊ အဲဒီလိုမျိုး ကိုယ် ရတဲ့ ကာရိုက်တာကို အပီပြင်ဆုံး ဖြစ်အောင် လုပ်ပါတယ်။ ဒီအသက် အရွယ်မှာ အရင်ထက်နှစ်ဆပိုပင် ပန်းတယ်လို့ ထင်တယ်။ ချုပ်လိုက် ရတဲ့ အဝတ်တွေ၊ ပြင်ဆင်ခဲ့ရတာ တွေ အများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်က အနုပညာသမား ဖြစ်နေ တော့ ကျရာဇာတ်ရုပ်ကို အပီပြင် ဆုံး ဖြစ်အောင် သရုပ်ဆောင် သွားမှာပါ။


By 8Days A Week Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...