အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 May, 2013

ဥက္ကံမြို့က မူဆလင်ဒုက္ခသည်တွေကို ဘာသာရေး မခွဲခြားပဲ ကူညီတဲ့ သံဃာတော်များ သွားရောက်ကူညီ


ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက် တယ် လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေရတဲ့ မူဆလင်ဒုက္ခသည်တွေကို ရွှေဝါရောင်သံဃာ့အဖွဲ့က စားနပ်ရိက္ခာတွေကို မနေ့က သွားရောက်ပေးလှူခဲ့ပြီး ဒီနေ့မှာတော့ သောက်သုံးရေရဖို့ ရေတွင်းတွေ တူးပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီမှာပျက်စီးသွားတဲ့ ကျေးရွာ ၄ ရွာက လူဦးရေ ၅ ရာကျော်အတွက် စုစုပေါင်း သိန်း ၇၀ ဖိုးလောက် ကူညီပေးလိုက်တယ်လို့ ရွှေဝါရောင်သံဃာ့အဖွဲ့ ခေါင်းဆောင် အရှင်ပဏ္ဍဝံသက RFA ကို မိန့်ကြားပါတယ်။

"လူဦးရေတွက်ပြီး ဘယ်ရွာကဘယ်နှစ်အိမ် မီးလောင်တယ်၊ အဲ့ဒီကနေပြီးတော့ အိမ်ရာခင်းတွေ လည်းပါတယ်၊ မိုးရုတ်တရက်ရွာလာလို့ရှိရင်လည်း အရေးပေါ်တဲထိုးလို့ရအောင် တာလပတ် ၁ဝ ထုတ်လောက်ကိုလည်း ယူသွားတယ်၊ နောက်ရေတွင်းတွေ တူးပေးတာကိုလည်း လုပ်ခဲ့ပါတယ်"

လောလောဆယ်မှာ ဒုက္ခသည်တွေအတွက် အမိုးအကာတွေ လိုအပ်နေပြီး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့တော့ BG သွေးကူညီရေးအဖွဲ့က စောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။
www.mmdailystar.com
RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...