အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

05 May, 2013

“ခေတ်သစ်ကုလားအုတ်ပုံပြင်”

 
သဲမုန်တိုင်းသည် သဲကန္တရအတွင်း ဒေါသတကြီးတိုက်ခတ်လျက်ရှိသည်။ ထိုသဲကန္တရအတွင်း၌ တစ်ခုသော ရွတ်ဖျင်တဲအတွင်းတွင် တဲပိုင်ရှင်သည် ထိုင်နေရင်း “အင်း အခုနေများ ငါဖတ်ဖူးတဲ့ ပုံပြင်ထဲကလို ကုလားအုတ် တစ်ကောင်ရောက်လာပြီး တဲပိုင်ရှင်ကြီးရယ်… အပြင်မှာ သဲမုန်တိုင်းတွေ အပြင်းအထန်တိုက်နေလို့ တဲအတွင်း ခေါင်းကလေးဝင်ခွင့်ပြုပါ ဆိုပြီး ပြောလို့ ခွင့်ပြုလိုက်ရင် နောက်တစ်ဆင့်တက်ပြီး လက်နှစ်ချောင်းဝင်ခွင့် ပြုပါဆိုပြီး ပြောလာဦးမယ်။ လက်နှစ်ချောင်းဝင်ခွင့်ပြုလိုက်ရင်လည်း ခြေထောက်နှစ်ချောင်းကိုလည်း ဝင်ခွင့်ပြုပါဦးဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြောပြီး နောက်ဆုံး ငါ့ကို တဲအတွင်းက ကန်ထုတ်လိမ့်မယ်” ဟု တွေးနေလေ၏။ထိုစဉ် ရွတ်ဖျင်တဲအပြင်ဘက်မှ “တဲပိုင်ရှင်ကြီး၊ တဲပိုင်ရှင်ကြီး”ဟု ကုလားအုတ်ခေါ်သံကြားလိုက်ရလေသည်။ ထိုအခါတဲပိုင်ရှင်သည်… “အင်း …ငါထင်တဲ့အတိုင်း ပုံပြင်ထဲကလို ကုလားအုတ်တစ်ကောင်တော့ ပလီပလာ စကားပြောပြီး ငါ့တဲကို သိမ်းပိုက်ဖို့ လာပြီး၊ ပုံပြင်ထဲကလိုတော့ အဖြစ်မခံနိုင်ဘူး။ ဟင်း…ဘယ်ရမလဲ မင်းအကြံကို သိပြီးသား၊ ငါ့ကို ဘာမှ ပလီတိချောက်ချက် လာမပြောနဲ့လို့ ကုလားအုတ်ကို ပြောလိုက်မယ်။” ဟု ကြံကာ ရွတ်ဖျင်တဲအပေါက်ကို ခေါင်းကလေးထွက်ရုံသာဖွင့်ပြီး အပြင်ကို ကြည့်လိုက်သောအခါ
“ဟာ အမယ်လေးဗျ” ဟု အသံထွက်ကာ မျက်လုံးပြူးသွားတော့လေသည်။ အဘယ့်ကြောင့်ဆိုသော တဲ့အပြင်ဘက်တွက် ရာပေါင်းများစွာသော ကုလားအတ်ုတို့သည် ရွတ်ဖျင်အတွင်းသို့ အပြိုင်အဆိုင် တိုးဝှေ့ဝင်ရန် ဟုန်ပြင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ ခေတ်သစ် ကုလားအုတ်တို့၏ အန္တရာယ်ပင်ဖြစ်တော့၏။ အထူးသတိထားကြကုန်။

ဒီပုံပြင်လေးက ရလိုက်တဲ့သင်ခန်းစာကတော့ တစ်ကောင်ဆို ပလီပလာ ပတ်ချွဲနပ်ချွဲလုပ်ပြီး ခေါင်းဝင်နိုင်အောင်၊ ထိုထက်ပို၍ ခေါင်းဝင်ပြီးပါက လက်နှစ်ဖက်ဝင်ရန်၊ ထိုထက်ပို၍ ခြေထောက်နှစ်ဖက်ဝင်နိုင်ရန်၊ ထိုထက်ပို၍ တစ်ကိုယ်လုံးဝင်နိုင်ရန် မူယာ မာယာ ပလီပလာ ကလိန်ကကျစ်နည်းတွေသုံးပြီး အနုနည်းဖြင့်နေရာယူ ဝင်ရောက်မည်ဖြစ်ပြီး အင်အားတောင်းတင်းလာပါက မူယာမာယာ ကလိန်ကကျစ်နည်းတွေမသုံးတော့ဘဲ အကြမ်းဖက်ဝင်ရောက် နေရာယူမည်ဆိုတဲ့ သင်ခန်းစာလေးကိုတော့ရလိုက်ပါသည်။ စာဖတ်သူတို့ရော ဘယ်လိုမြင်လဲ…
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်) အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...