အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

10 March, 2015

စကားနားထောင်သူ ...

သူငယ်ချင်း လေးဦးဟာ တောထဲကို အပျော်ခရီးထွက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ
တိုင်ပင်ခဲ့ကြပါတယ်။
ခရီးမထွက်ခင် နှစ်ရက်အလိုမှာတော့ အဖွဲ့သားတစ်ဦး ဖြစ်တဲ့ ရော့တ်ရဲ့ဇနီးဟာ ခင်ပွန်းသည်ကို
ခရီးမလွှတ်တော့ဖို့ ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ရော့တ် မလိုက်နိုင်တော့တာကြောင့် သူ့သူငယ်ချင်းတွေဟာ စိတ်မကောင်းဖြစ်ကြပေမယ့်
သူတို့အနေနဲ့ ဘယ်လိုမှမတတ်နိုင်တာမို့ သုံးယောက်ပဲသွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ ခရီးထွက်လို့ စခန်းချမယ့်နေရာကို ကျန်တဲ့ သုံးဦး ရောက်သွားတဲ့ အခါမှာတော့
ရွက်ဖျင်တဲထိုးပြီး ဖိုထားတဲ့မီးဖိုနဲ့ ညစာချက်နေတဲ့ ရော့တ်ကို တွေ့လိုက်ရပါတယ်။

"ဘယ်လိုဖြစ်တာလဲ ရော့တ်ရေ။ ဒီကို ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။
ဒီကို လာခွင့်ရအောင် မင်းမိန်းမကို ဘယ်လို ပြောလိုက်တာလဲကွ"လို့ သူငယ်ချင်းတွေက
မေးကြပါတယ်။

"မနေ့ကတည်းက ရောက်နေတာကွ။ မနေ့က ညနေပိုင်းမှာ ကုလားထိုင်မှာ ထိုင်နေတုန်း
ငါ့နောက်ကို မိန်းမ ရောက်လာပြီး ငါ့မျက်လုံးကို ပိတ်လိုက်တယ်ကွ။ ပြီးတော့
'ဘယ်သူလဲ.. ခန့်မှန်းကြည့်' လို့ မေးတယ်ကွ"လို့ ရော့တ်က ပြောလိုက်ပါတယ်။

"သူ့လက်ကို ဖယ်ကြည့်လိုက်တော့ ထိုးဖောက်ပြီးမြင်ရတဲ့ ည၀တ်အင်္ကျီဝတ်ထားတယ်ကွ။
အဲဒါနဲ့ ငါ့ကို အိပ်ခန်းထဲ ဆွဲခေါ်သွားတယ်။ အခန်းထဲမှာ ဖယောင်းတိုင်တွေ ထွန်းထားပြီး
နှင်းဆီပွင့်ဖတ်တွေကိုလည်း ဖြန့်ခင်းထားသေးတယ်။

"ခုတင်ပေါ်မှာတော့ လက်ထိတ်နဲ့ ကြိုးတွေ တင်ထားတယ်ကွ။ သူ့ကို ခုတင်ပေါ်မှာ ကြိုးနဲ့ တုပ်ပြီး
လက်ထိတ်ခတ်ဖို့ ငါ့ကို ပြောတယ်ကွ။ သူပြောတဲ့အတိုင်း ငါလုပ်ပြီးတော့ 'ခုချိန်ကစပြီး
ရှင်လုပ်ချင်ရာ လုပ်တော့'လို့ ပြောတာနဲ့ ခုဒီစခန်းမှာ ငါရောက်နေတာပေါ့ကွာ"

ဖိုးသူတော်(www.phothutaw.com)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...