10 March, 2015
နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးရဲ့ ပွဲတော်
၂၀၀၂ ခုနှစ်က ပျံလွန်တော် မူသွားခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးတပါးရဲ့ ပွဲတော်ကို မတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်မှာ ကျင်းပခဲ့ပါတယ်။
ဘုန်းတော်ကြီး လောင်း ဖော် ဖန်း (Luang Phor Pern) ဟာ ၂၀၀၂ ခုနှစ်၊ ဇွန်လက ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပေမယ့် ဘုန်းတော်ကြီးကို ကိုးကွယ်ကြည်ညိုသူတွေက
ဘုန်းတော်ကြီးရဲ့ပွဲတော်ကို အခုလို မတ်လမှာ နှစ်စဉ်ကျင်းပလာခဲ့တာပါ။
ဘုန်းတော်ကြီးရေးထိုးတဲ့ ဆေးမင်ကြောင်တွေဟာ ခန္ဒာကိုယ်အလှတန်ဆာ ဆင်တာထက် ယုံကြည်သူတွေအတွက်တော့ ဘေးအန္တရာယ်၊ ကျန်းမာရေး၊ လာဘ်လာဘနဲ့ ကံကောင်းစေတဲ့ တန်ခိုးကြီးဆေးမင်ကြောင်တွေလို့ ယုံကြည်ကြပါတယ်။
မတ် ၇ ရက်နေ့က ပွဲတော်ကိုတော့ ကိုးကွယ်ယုံကြည်သူ ထောင်ချီလာရောက်ခဲ့ကြပြီး ဆေးမင်ကြောင်းထိုးထားသူတချို့ ရေးထိုးထားတဲ့ တိရစ္ဆာန်ပုံတွေရဲ့ လွှမ်းမိုးခံရတဲ့ပုံတွေကို တွေ့မြင်ကြရပါတယ်။
အသက် ၄၄ နှစ်အရွယ် ချပ်ချိုင်း ဖူရဟောင်ကတော့ သူ့ခန္ဓာကိုယ်မှာ ဘုန်းတော်ကြီး ကိုယ်တိုင်ရေးထိုးထားတဲ့ ဟာနုမန်မြောက်မင်းပုံတော် ၁၇ ကောင်ရှိပြီး သူ့ကို ဘေးအန္တရာယ်တွေကနေ ကြိုတင်သတိပေးတယ်လို့ ပြောဆိုပါတယ်။
ဆေးမင်ကြောင်တွေကို ရိုးရာနည်းအတိုင်း ကြေးချောင်းနဲ့ရေးထိုးတာဖြစ်ပြီး ဆေးလိပ်ပြာအပါအ၀င် ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မင်ရည်ကို အသုံးပြုတယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2015
(110)
-
▼
March
(90)
-
▼
Mar 10
(15)
- ပြေတီဦးနဲ့ ထိုင်းမင်းသမီး
- သရုပ်ဆောင်အလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်ဖို့အထိ အစီအ...
- မော်ဒယ်သရုပ်ဆောင်တစ်ဖြစ်လဲ ဆရာလေး သုနန္ဒမာလာ က ၄င်း...
- စကားနားထောင်သူ ...
- မြန်မာမှု အငွေ့အသက်ဖြစ်သော ဆီဆုံဖြင့် နိုင်ငံခြားသာ...
- မန္တလေးအောင်တော်မူဘုရား ညာဘက်မျက်လုံးတော်ပွင့်တော်မူ
- ရေနံချောင်းမြို့နယ်၌ ကလေးငယ်မီးဆော့ရာမှ နေအိမ် ၆၃ ...
- နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်ခရီးစဉ်စတင်
- မြစ်အတွင်းထိုးကျသည့်ကားတွင် ၁၄ နာရီ ပိတ်နေသောကလေး ...
- ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ
- နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးရဲ့ ပွဲ...
- မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
- တစ်ပတ်အတွင်း မူယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ ကျော် မွ...
- ထိုင်းတွင် ထီမပေါက်သဖြင့် အမျိုးသားတဦး ဆွဲကြိုးချသေ
- အကောက်တောင်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ယိုယွင...
-
▼
Mar 10
(15)
-
▼
March
(90)