ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်ထဲမှာရှိတဲ့ အကောက်တောင်ပေါ်က
ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ဆင်းတုတော်တွေ
ယိုယွင်းပျက်စီးလာနေတဲ့အတွက် ပြင်ဆင်ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့
ဂေါပကအဖွဲ့က ပြောပါတယ်။
ဗုဒ္ဓတထောင် အကောက်တောင်လို့ နာမည်ကြီးနေတဲ့ အကောင်တောင်က
ဘုရားဆင်းတုတော်တွေဟာ ရာသီဥတုဒဏ်ကြောင့် ယိုယွင်းပျက်စီးမှုတွေရှိလာနေတာလို့
အကောက်တောင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက ပြောပါတယ်။
“ရှေးဟောင်းဆင်းတုတော်၊ ဗုဒ္ဓရုပ်ပွားတော်ပေါင်း တထောင်ရှိလို့ ဗုဒ္ဓတထောင်
အကောက်တောင်လို့ ခေါ်တာပါ။ အခု ရေမြေတိုက်စားပြီးတော့ ၃၇၀ လောက်ပဲ
ရှိပါတော့တယ်။ ကျန်နေတဲ့ဘုရားတွေက တချို့ဘုရားတွေက တော်တော်လေး အကောင်းပကတိ
တချို့ဘုရားတွေက တော်တော်လေး ယိုယွင်းပျက်စီးနေတာ ရှိပါတယ်။ ဒါကို
ကျနော်တို့ ပြုပြင်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။ ပြုပြင်ချင်တဲ့ အခါမှာ အကြောင်း
၃ ကြောင်းလောက် ညီရမှာပါ။ နံပတ် ၁ အကြောင်းက ဒါကို ပြုပြင်ခွင့်ရရှိဖို့
လိုပါတယ်။ ပြုပြင်ခွင့်ရရှိတယ်ဆိုတာက လိုအပ်တယ်ပေါ့။
မလိုအပ်ရင်မပြင်ဘူးပေါ့။ ရှေးဟောင်း အမွေအနစ်တွေကို ဒီအတိုင်းဘဲ ခြုံလေး
ဘာလေးရှင်း။ တချို့တော့ လုံးဝပျက်ဆီးပြီ ဆိုတာတွေကို
ပြုပြင်ခွင့်ရပြီဆိုရင်တော့ ပြုပြင်ချင်ပါတယ်။’
အကောက်တောင်ပေါ်က ဗုဒ္ဓဆင်းတုတော်တွေရဲ့ လက်ရာအများစုဟာ ကုန်းဘောင်ခေတ်
လက်ရာတွေဖြစ်ပြီး ထိုင်တော်မူ၊ ရပ်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်တွေကို
တွေ့ရှိရပြီး ရာသီဥတုဒဏ်ကြောင့် ဆင်းတုတော် ၄၀၀ နီးပါးဘဲ ကျန်ပြီး
ကျန်ဆင်းတုတော်တွေကတော့ ပျက်စီးကုန်ပြီဖြစ်ပါတယ်။
ဒီရှေးဟောင်းလက်ရာ စေတီဘုရားတွေကို ပြည်တွင်းက ခရီးသွားဘုရားဖူးတွေက အဓိက လာရောက် ဖူးမျှော်နေကြတာဖြစ်ပါတယ်။
အကောက်တောင် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးချစ်ကိုကို ကတော့ လတ်တလော
ခရီးသွားတွေအတွက် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့
ပြောပါတယ်။
‘လက်ရှိလုပ်နေတာကတော့ ရိပ်သာဆောက်နေတယ်။ ဂေါပကရုံးနဲ့ ရိပ်သာနဲ့တွဲရက်ပေါ့။
အောက်ခြေက တက်လမ်းပေါ့။ ကွန်ကရစ်လမ်းခင်းနေပါတယ်။ ရေတံခွန်ဘက်ကိုပေါ့နော်
ပဉ္စဝင်္ဂီ ငါးပါးဘုရားဘက်ကိုသွားတဲ့ ရေတံခွန်ဘက်ကိုသွားတဲ့လမ်း
ဦးပွားသိုက်ဘက်ကို သွားတဲ့လမ်း အဲ့ဘက်ကိုလည်း ကားလမ်းဖောက်ဖို့
အစီအစဉ်ရှိပါတယ်။’
အကောက်တောင်ဟာ ရှေးယခင်ခေတ်ကတည်းက တည်ရှိပေမဲ့ ၂၀၁၄ ခုနှစ်လောက်က မှ
သီးသန့် လာရောက်လေ့လာဖူးမျှော်ကြတဲ့ ပြည်တွင်းဘုရားဖူး ခရီးသွားတွေ သိသိသာ
သာများပြားလာတာ ဖြစ်ပါတယ်။
By ကိုကိုကြည်(ဒီဗွီဘီ)
10 March, 2015
အကောက်တောင်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ယိုယွင်းပျက်စီးနေ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2015
(110)
-
▼
March
(90)
-
▼
Mar 10
(15)
- ပြေတီဦးနဲ့ ထိုင်းမင်းသမီး
- သရုပ်ဆောင်အလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်ဖို့အထိ အစီအ...
- မော်ဒယ်သရုပ်ဆောင်တစ်ဖြစ်လဲ ဆရာလေး သုနန္ဒမာလာ က ၄င်း...
- စကားနားထောင်သူ ...
- မြန်မာမှု အငွေ့အသက်ဖြစ်သော ဆီဆုံဖြင့် နိုင်ငံခြားသာ...
- မန္တလေးအောင်တော်မူဘုရား ညာဘက်မျက်လုံးတော်ပွင့်တော်မူ
- ရေနံချောင်းမြို့နယ်၌ ကလေးငယ်မီးဆော့ရာမှ နေအိမ် ၆၃ ...
- နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်ခရီးစဉ်စတင်
- မြစ်အတွင်းထိုးကျသည့်ကားတွင် ၁၄ နာရီ ပိတ်နေသောကလေး ...
- ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ
- နာမည်ကျော် ဆေးမင်ကြောင် ထိုင်းဘုန်းတော်ကြီးရဲ့ ပွဲ...
- မြန်မာအလုပ်သမားများကို ထိုင်ဝမ်ခေါ်ယူမည်
- တစ်ပတ်အတွင်း မူယစ်ဆေးသုံးစွဲသည့် လူငယ် ၃၀ ကျော် မွ...
- ထိုင်းတွင် ထီမပေါက်သဖြင့် အမျိုးသားတဦး ဆွဲကြိုးချသေ
- အကောက်တောင်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ယိုယွင...
-
▼
Mar 10
(15)
-
▼
March
(90)