အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 July, 2014

လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ

Photo: လည်ပင်းတောင့်ပြီးနာတာသက်သာအောင် လုပ်နိုင်မယ့်နည်းတွေ
Friday, July 25, 2014

အိပ်ရာကထချိန်မှာ လည် ပင်းကြီးမာတောင့်ပြီး နေထိုင် မကောင်းတာမျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန်အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆို ရင် အမြန်သက်သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ မလှုပ် မရှားနိုင်ထုံနေတဲ့ လည်ပင်းကြွက် သားတွေ ပြေလျော့ပြီး နာကျင်မှု နဲ့ ရောင်ရမ်းတာတွေသက်သာ အောင် ရေခဲကပ်ပေးတာလုပ်နိုင် ပါတယ်။ ဒါမှမဟုတ်ပဲ ထည့် ထားတဲ့အိတ်ငယ်ကို အေးခဲ အောင်လုပ်ပြီးတော့လည်း ကပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးမှုန့်နဲ့ နနွင်းမှုန့်ကိုရေနွေးနွေးနဲ့ နည်း နည်းချင်းသောက်ပေးရင်လည်း ကြွက်သားတင်းတာတွေ လျော့ ပါးစေနိုင်ပါတယ်။

ဆေးဖက်ဝင်အပင်တွေကို ပြုတ်ပြီး ခေါင်းအုံးစွပ်အဟောင်း တစ်ခုထဲထည့်ကာ လည်ပင်း ကြွက်သားတစ်ဝိုက် ကြပ်ထုပ် ထိုးပေးရင်လည်း သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် သင်္ဘော၊  ဒန့်သလွန်လတ်လတ်ဆတ်ဆတ်ကို  ခြေပြီးတော့လည်း ကြပ် ထုပ်ထိုးပေးနိုင်ပါတယ်။ နောက်ပြီး တရုတ်နံနံကြီးကို ဖျော်စက်နဲ့ဖျော်ပြီး သောက်ပေးရင် အာရုံကြောထိခိုက်မိတာမျိုးတွေကို သက်သာပျောက်ကင်းစေပြီး စိတ်ဖိစီးမှုတွေကို အံ့ဩလောက်အောင်သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရေပန်းကရားနဲ့ပဲဖြစ်ဖြစ်၊   ရေချိုးကန်မှာပဲဖြစ်ဖြစ် ဖယောင်းပန်း၊ လာဗန်ဒါ၊ ထင်းရှူး၊ ဇာတိပ္ဖိုလ်သီးအဆီသုံးပြီး ရေနွေးနွေးလေးနဲ့ချိုးပေးတာ မျိုး လုပ်ပေးရပါမယ်။ အသက်ကို ပြင်းပြင်းရှူ၊ လည်ပင်းကြွက်သားကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးရင်းနဲ့ သက်သာသွားပါလိမ့်မယ်။

7Day Daily
အိပ်ရာကထချိန်မှာ လည် ပင်းကြီးမာတောင့်ပြီး နေထိုင် မကောင်းတာမျိုးကြုံဖူးကြမှာပါ။ အိပ်ပျော်နေတုန်း ပုံစံမမှန်အိပ်မိ လို့ (ဒါမှမဟုတ်) ခေါင်းအုံးအနေ အထားကြောင့်လည်းဖြစ်တတ် ပါတယ်။ ဒီလိုတွေကြုံခဲ့တယ်ဆို ရင် အမြန်သက်သာနိုင်မယ့်နည်း တချို့ကို ဖော်ပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ မလှုပ် မရှားနိုင်ထုံနေတဲ့ လည်ပင်းကြွက် သားတွေ ပြေလျော့ပြီး နာကျင်မှု နဲ့ ရောင်ရမ်းတာတွေသက်သာ အောင် ရေခဲကပ်ပေးတာလုပ်နိုင် ပါတယ်။ ဒါမှမဟုတ်ပဲ ထည့် ထားတဲ့အိတ်ငယ်ကို အေးခဲ အောင်လုပ်ပြီးတော့လည်း ကပ် ပေးနိုင်ပါတယ်။ သစ်ကြံပိုးမှုန့်နဲ့ နနွင်းမှုန့်ကိုရေနွေးနွေးနဲ့ နည်း နည်းချင်းသောက်ပေးရင်လည်း ကြွက်သားတင်းတာတွေ လျော့ ပါးစေနိုင်ပါတယ်။

ဆေးဖက်ဝင်အပင်တွေကို ပြုတ်ပြီး ခေါင်းအုံးစွပ်အဟောင်း တစ်ခုထဲထည့်ကာ လည်ပင်း ကြွက်သားတစ်ဝိုက် ကြပ်ထုပ် ထိုးပေးရင်လည်း သက်သာစေနိုင် ပါတယ်။ ဒါ့အပြင် သင်္ဘော၊ ဒန့်သလွန်လတ်လတ်ဆတ်ဆတ်ကို ခြေပြီးတော့လည်း ကြပ် ထုပ်ထိုးပေးနိုင်ပါတယ်။ နောက်ပြီး တရုတ်နံနံကြီးကို ဖျော်စက်နဲ့ဖျော်ပြီး သောက်ပေးရင် အာရုံကြောထိခိုက်မိတာမျိုးတွေကို သက်သာပျောက်ကင်းစေပြီး စိတ်ဖိစီးမှုတွေကို အံ့ဩလောက်အောင်သက်သာစေနိုင်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရေပန်းကရားနဲ့ပဲဖြစ်ဖြစ်၊ ရေချိုးကန်မှာပဲဖြစ်ဖြစ် ဖယောင်းပန်း၊ လာဗန်ဒါ၊ ထင်းရှူး၊ ဇာတိပ္ဖိုလ်သီးအဆီသုံးပြီး ရေနွေးနွေးလေးနဲ့ချိုးပေးတာ မျိုး လုပ်ပေးရပါမယ်။ အသက်ကို ပြင်းပြင်းရှူ၊ လည်ပင်းကြွက်သားကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးရင်းနဲ့ သက်သာသွားပါလိမ့်မယ်။

7Day Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...