အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 July, 2014

“အသတ်ခံရသည့်မြန်မာအလုပ်သမားအလောင်းသဂြိုဟ်ခွင့်ရပြီ”

   မြန်မာအချင်းချင်းလုယက်သတ်ဖြတ်ခံထားရသည့် အလောင်းတစ်ခုအား  မြန်မာအလုပ်သမားသံအရာရှိနှင့် MAT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ယနေ့ညနေကမိသားစုများ ကောင်းမွန်စွာ သဂြိုဟ်ခွင့်ရရှိ သွားပြီဖြစ်ကြောင်း သိရသည်။
               သေဆုံးသူ မောင်ခိုင်မင်း အသက် ၂၆ နှစ်သည် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်၊ ဂငယ် ရပ်ကွက် မှ ဦးစိုးမြင့်+ဒေါ်ကြည်ကြည်ဌေး တို့၏ သားငယ်ဖြစ်သည်။ ဇွန်လကုန်အပတ်က နေအိမ်မှ ရွှေသုံးကျပ်သားပျောက်ဆုံးခဲ့ပြီး ထိုင်းနိုင်ငံ၊ နကပထုန်နယ်မြေ၊ အုန်းယိုင်၊ မော်စီလမ်း အနီးတွင် ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ မအေးအေးအောင်ကပြောသည်။
    ဇွန်လ ၂၂ ရက်နေ့ညနေ ၈နာရီခန့်က သော်သော် ဆိုသူကကျမယောက်ျားကသော့ယူခိုင်းတယ်ဆိုပြီးလာတောင်းလို့ပေးလိုက်တယ်။အဲဒီကတည်းကကျမယောက်ျားကိုဆက်သွယ်မရတော့ဘူး။၂၆ရက်နေ့မှာ ရွှေသုံးကျပ်  သားပါ ထပ်ပျောက်သွားတယ်။ ဇူလိုင် ၁ရက်နေ့မှာ သော်သော်က အချွန်ဆိုသူကို ရွှေတစ်ကျပ်ခွဲသား ရောင်းခိုင်း တယ်။ အဲဒါကို ကျမတို့ သံသယဖြစ်တဲ့အတွက် ခေါ်မေးတော့ ညနေပိုင်းမှာအမိုင်း သော်သော်နဲ့ အစိုင်း ဆိုသူတို့က အချွန် ကို ဓါးနဲ့ထိုး၊ မီးပူနဲ့ဟပ်ကြတယ်။ ခု သူတို့ကို ရဲစခန်းမှာဖမ်းထားပါပြီ။ အမှုအခြေအနေတော့   ဘယ်လိုဖြစ် လာမယ် မသိရသေးဘူး” ဟုပြောသည်။
       
  
            လူသတ်တရားခံများနှင့် ပါသက်သူဟု ယူဆရသူတစ်ဦး ရွှေရောင်းရာမှ  ခြေရာခံဖမ်းမိကြောင်းအလောင်း  မှာ နှစ်ပတ်နီးပါးမှ တွေ့ရှိခဲ့ရသဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ကြောင်း၊ အလောင်းအနားမှ သေဆုံးသူ၏   ဖိနပ်၊ လက်ပတ် စသည်များအား ရဲစခန်းတွင် တင်ပြခဲ့ကြကြောင်း။ MAT အဖွဲ့က ပြောသည်။ 
            ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း
က “သေမှု သေခင်းကိစ္စ၊ နိုင်ငံသားကိစ္စ လူသတ်မှုကိစ္စတွေက အမှုကြီးဆိုတော့ သံရုံး လုပ်ကိုင်ခွင့်ဖြစ်သွားပြီး။ ဒါကြောင့် သံအမတ်ကြီး ဦးဝင်းမောင် ကို အကူညီတောင်းတယ်။ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင် နဲ့ ကျနော်တို့နဲ့ နကပထုန်နယ်မြေ ရဲစခန်းကို သွားပြီး အလောင်းရအောင် ကူညီပေးလိုက်ကြတာပါ။ အချိန်ကြာနေတာကတစ်ပိုင်း၊ လူသတ်မှုလည်းဖြစ်နေပြန်၊ အလောင်းကလည်း ပျက်စီးနေပြီဆိုတော့ အလောင်းပြန်ရဖို့ တော်တော် ပြောယူရပါ တယ်။ ကျနော်တို့သာမန်အလုပ်သမားအဖွဲ့ပြောလို့မရနိုင်ဘူး။ မြန်မာသံရုံးလိုက်လံကူညီပေးတာကို ကျေးဇူးတင် ပါတယ်” ဟုပြောသည်။  
         
     ထိုင်းနိုင်ငံ နေရာအချို့တို့တွင် မြန်မာအချင်းချင်း သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ လိမ်လည်ခြင်းနှင့် အဓမ္မပြု ကျင့်ခြင်းများ မကြာမကြာဖြစ်ပေါ်လေ့ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ခြင်းအထူးနည်းပါသည်။ ထို့သို့ဖြစ်ခြင်းမှာ ကာယကာရှင်မိသားစုတို့တွင် ခိုင်မာသည့်အချက်အလက်များအားနည်းခြင်း၊ အမှုအခင်းများပေါ်ပေါက်သည်ကို   မြန်မာအစိုးရပိုင်းက ကိုင်တွယ်ဖြေရှင်းပေးရန်  လူအင်အား အခက်အခဲရှိခြင်းတို့ကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားများအကြားတွင် အဆိုပါ လူမှုပြဿ     နာများမှာ ပြောမဆုံးနိုင်လောက်အောင် နေ့စဉ် ဖြစ်ပေါ်လျှက်ရှိ   ကြောင်းအလုပ်သမားအရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများကညည်းညူ ပြောဆိုကြသည်။    



ရွှေလုပ်သား

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...