အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 July, 2014

စုန်းကား ၂ ကား ဆက်တိုက် သရုပ်ဆောင်မယ့် ရွှေမှုံရတီ

ရွှေမှုန်ရတီက ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ အချစ်စုန်း ဗီဒီယိုဇာတ်ကားမှာ နေမင်းနဲ့ တွဲဖက်ပြီး စုန်းမအဖြစ် သရုပ်ဆောင်ခဲ့ရသလို၊
ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးမယ့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားမှာလည်း မှော်အတတ်ပညာရှင်၊ စုန်းကဝေမအဖြစ် သရုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။ အချစ်စုန်းမှာက စုန်းမ ဖြစ်ပေမဲ့ သူက ပါးစပ်စီးတဲ့စုန်း ဖြစ်ပြီး သူပြောသမျှအကုန်ဖြစ်တဲ့ စုန်းမ အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး၊ မှော်ကျောက်စာ ဇာတ်ကားမှာတော့ တကယ့် မှော်အတတ်ပညာရှင်၊ ၀မ်းတွင်းစုန်းအဖြစ် သရုပ်ဆောင်သွားရမယ်လို့ ရွှေမှုံရတီက ပြောပြခဲ့ပါတယ်။

မှော်ကျောက်စာက စုန်းက ဘ၀အဆက်ဆက် မသေတဲ့ စုန်းမျိုးဖြစ်ပြီး ရွှေမှုံရတီကိုယ်တိုင်က အဲဒီလို စုန်းကားတွေကို သဘောကျတဲ့အတွက် ၀တ်ဆင်မှုအပိုင်းကို အထူး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာ ရွှေမှုံရတီက ဟိုးအရင် နှစ်ပေါင်းများစွာက အရပ်သားမှော်ဆရာအဖြစ်နဲ့ မြင်ရမှာဖြစ်သလို ခပ်လန်းလန်းနဲ့ Hip Hop လိုရော၊ ပန့်ပုံစံရော ပုံစံမျိုးစုံနဲ့ သရုပ်ဆောင်သွားရမှာဖြစ်လို့ ၀တ်စုံများကို ViVit ဖက်ရှင်က မသဲ (အိန္ဒြာကျော်ဇင်ရဲ့ အစ်မ)က ဘယ်ဆင်း(န)မှာ ဘာဝတ်၊
ဘယ်ဆင်း(န)မှာ ဘယ်လိုဝတ် ဆိုပြီး အကုန်လုံး စီစဉ်ပေးထားတာဖြစ်တယ်၊ မြန်မာဝတ်စုံလည်း ပါမယ်။ ဘောင်းဘီတချို့လည်း အတိုရော အရှည်ရော ပါမယ်။
အနွေးထည်လည်း ပါမယ်။ လက်ပြတ်လည်း ပါမယ်။
အများကြီး သူ့ကာရိုက်တာနဲ့ သူ ၀တ်ဆင်သွားဖို့ ဖက်ရှင်ကို တကူးတက ပြင်ဆင်ထားတယ်လို့ ရွှေမှုံရတီက ပြောပြခဲ့ပါတယ်။

ရွှေမှုံရတီက ရုပ်ရှင်ကားကြီး ရိုက်ကူးတိုင်း သီးခြားဒီဇိုင်နာနဲ့ ၀တ်စုံများ အမြဲတမ်း စီစဉ်ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...