အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 July, 2014

တကူးတကအချိန်ပေးပြီး သိန်းပေါင်းများစွာလှူမှ ပရဟိတမဟုတ်ပါဘူးလို့ဆိုတဲ့ မင်းသားဖိုးချစ်

Photo: တကူးတကအချိန်ပေးပြီး သိန်းပေါင်းများစွာလှူမှ ပရဟိတမဟုတ်ပါဘူးလို့ဆိုတဲ့ မင်းသားဖိုးချစ်
Friday, July 25, 2014

မင်းသားဖိုးချစ်က ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်းများစွာလှူမှ၊တကူးတကအချိန်ပေးပြီးလုပ်မှ မဟုတ်ပါဘူး အနည်းဆုံးကိုယ့်ဝန်းကျင်သန့်ရှင်းရေးလုပ်လိုက်တာကလည်း ပရဟိတပါပဲလို့ ဆိုပါတယ်။

“ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်း များစွာလှုမှလည်းမဟုတ်ဘူး။လမ်းဘေးကတွေ့တဲ့ အမိုက် လေးကို ကောက်ပြီးတော့အမိုက်ပုံးထဲကိုထည့်လိုက်တာလည်း ပရဟိတပါပဲ။ လမ်းမသိတဲ့လို့ မေးတဲ့သူကို စေတနာပါပါနဲ့ လမ်းညွှန်လိုက်တာလည်းပရဟိတပဲ။”လို့ မင်းသားဖိုးချစ်ကဆိုပါသည်။

ပရဟိတနဲ့ပတ်သက်လို့ မင်းသားဖိုးချစ် ခံယူထားတာကတော့ ကိုယ့်အိမ်ကိုသန့်ရှင်းရေးလုပ်တာလည်း ပတ်ဝန်းကျင်ဒုက္ခမရောက်အောင် ကူညီတာပဲဖြစ်လို့ပရဟိတပဲလို့ ဆိုပါတယ်။

လူတိုင်းက ကိုယ့်ဝန်းကျင် သန့်ရှင်းရေး ဂရုစိုက်ကြမယ်ဆိုရင် ကိုယ့်အိမ်နားက ရေမြောင်းတွေ သန့်ရှင်းကြမယ် ဆိုတဲ့ပရဟိတလေးတွေ ရှိနေရင် ကုသိုလ်ရတာပါပဲလို့ ဆိုပါတယ်။

“လမ်းသွားနေရင်း ကျောင်းဆင်းချိန်ဖြစ်တော့ ကားကိုရပ်ပေးလိုက်တာလည်း ပရဟိတပါပဲ။ လူကူးမျဉ်းကျားမှာ လူတွေကူးနေတဲ့အချိန်မှာ သူတို့သွားတာအဆင်ပြေပါစေ၊ အန္တာရယ်ကင်းပါစေဆိုပြီး ကားကို စေတနာ ပါပါနဲ့ ရပ်စောင့်နေတာလည်း ပရဟိတပဲ။ ကျွန်တော်တို့နေ့တဓူဝလုပ်ငန်းလုပ်ဆောင်ရင်း ပရဟိတ လုပ်ဆောင်လို့ ရပါတယ်။”လို့မင်းသားဖိုးချစ်က ဆိုပါတယ်။

ဒီလို ပရဟိတခံယူချက်တွေနဲ့ မင်းသားဖိုးချစ်က ပရဟိတဖေါင်ဒေးရှင်းတွေလိုအပ်တယ်လို့ယူဆထားပြီး လတ်တလောမှာတော့သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲမှာ ပါဝင်ပြီး ရန်ပုံငွေရှာဖို့လုပ်ဆောင်နေပါတယ်။

“ကျွန်တော်ဘိုးဘွားရိပ်သာအတွက်ပြီးခဲ့တဲ့ ကျိုက်ခေါက်ဘုရားပွဲတုန်းကလည်း ကျေးလက်မီးလင်းရေး အတွက် ကျွန်တော့်မိသားစုက ငွေကျပ်သိန်း ၅၀၀ လှူတယ်။ပြီးတော့အဲဒီပွဲက ဆုချလို့ရတဲ့ပိုက်ဆံတွေကို ကျွန်တော်စာရင်းဇယားနဲ့လုပ်ပြီး အဲဒီထဲကဘိုး ဘွားရိပ်သာကိုစလှုတာပါ”လို့ဆိုပါတယ်။

ဇာတ်သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲကနေ ရလာမယ့် ရန်ပုံငွေအားလုံးကို သဘင်ဘိုးဘွားရိပ်သာ ဆောက်မယ့် အထဲမှာ အကုန်လှူမယ်လို့ သိရပါတယ်။

 ရဲရင့်မင်းခန့် (မြစ်မခ)
Shwe Myitmakha Media Group
မင်းသားဖိုးချစ်က ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်းများစွာလှူမှ၊တကူးတကအချိန်ပေးပြီးလုပ်မှ မဟုတ်ပါဘူး အနည်းဆုံးကိုယ့်ဝန်းကျင်သန့်ရှင်းရေးလုပ်လိုက်တာကလည်း ပရဟိတပါပဲလို့ ဆိုပါတယ်။“ပရဟိတဆိုတာ နေရာတစ်ခုကို သိန်းပေါင်း များစွာလှုမှလည်းမဟုတ်ဘူး။လမ်းဘေးကတွေ့တဲ့ အမိုက် လေးကို ကောက်ပြီးတော့အမိုက်ပုံးထဲကိုထည့်လိုက်တာလည်း ပရဟိတပါပဲ။ လမ်းမသိတဲ့လို့ မေးတဲ့သူကို စေတနာပါပါနဲ့ လမ်းညွှန်လိုက်တာလည်းပရဟိတပဲ။”လို့ မင်းသားဖိုးချစ်ကဆိုပါသည်။

ပရဟိတနဲ့ပတ်သက်လို့ မင်းသားဖိုးချစ် ခံယူထားတာကတော့ ကိုယ့်အိမ်ကိုသန့်ရှင်းရေးလုပ်တာလည်း ပတ်ဝန်းကျင်ဒုက္ခမရောက်အောင် ကူညီတာပဲဖြစ်လို့ပရဟိတပဲလို့ ဆိုပါတယ်။

လူတိုင်းက ကိုယ့်ဝန်းကျင် သန့်ရှင်းရေး ဂရုစိုက်ကြမယ်ဆိုရင် ကိုယ့်အိမ်နားက ရေမြောင်းတွေ သန့်ရှင်းကြမယ် ဆိုတဲ့ပရဟိတလေးတွေ ရှိနေရင် ကုသိုလ်ရတာပါပဲလို့ ဆိုပါတယ်။

“လမ်းသွားနေရင်း ကျောင်းဆင်းချိန်ဖြစ်တော့ ကားကိုရပ်ပေးလိုက်တာလည်း ပရဟိတပါပဲ။ လူကူးမျဉ်းကျားမှာ လူတွေကူးနေတဲ့အချိန်မှာ သူတို့သွားတာအဆင်ပြေပါစေ၊ အန္တာရယ်ကင်းပါစေဆိုပြီး ကားကို စေတနာ ပါပါနဲ့ ရပ်စောင့်နေတာလည်း ပရဟိတပဲ။ ကျွန်တော်တို့နေ့တဓူဝလုပ်ငန်းလုပ်ဆောင်ရင်း ပရဟိတ လုပ်ဆောင်လို့ ရပါတယ်။”လို့မင်းသားဖိုးချစ်က ဆိုပါတယ်။

ဒီလို ပရဟိတခံယူချက်တွေနဲ့ မင်းသားဖိုးချစ်က ပရဟိတဖေါင်ဒေးရှင်းတွေလိုအပ်တယ်လို့ယူဆထားပြီး လတ်တလောမှာတော့သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲမှာ ပါဝင်ပြီး ရန်ပုံငွေရှာဖို့လုပ်ဆောင်နေပါတယ်။

“ကျွန်တော်ဘိုးဘွားရိပ်သာအတွက်ပြီးခဲ့တဲ့ ကျိုက်ခေါက်ဘုရားပွဲတုန်းကလည်း ကျေးလက်မီးလင်းရေး အတွက် ကျွန်တော့်မိသားစုက ငွေကျပ်သိန်း ၅၀၀ လှူတယ်။ပြီးတော့အဲဒီပွဲက ဆုချလို့ရတဲ့ပိုက်ဆံတွေကို ကျွန်တော်စာရင်းဇယားနဲ့လုပ်ပြီး အဲဒီထဲကဘိုး ဘွားရိပ်သာကိုစလှုတာပါ”လို့ဆိုပါတယ်။

ဇာတ်သဘင်ဘိုးဘွားရိပ်သာရန်ပုံငွေပွဲကနေ ရလာမယ့် ရန်ပုံငွေအားလုံးကို သဘင်ဘိုးဘွားရိပ်သာ ဆောက်မယ့် အထဲမှာ အကုန်လှူမယ်လို့ သိရပါတယ်။

ရဲရင့်မင်းခန့် (မြစ်မခ)
Shwe Myitmakha Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...