အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 April, 2014

သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတာကြောင့် တောင်ကိုရီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်


တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်
တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟွန်းဝမ်က သူ့ရာထူးက နှုတ်ထွက်ကြောင်း ဧပြီလ ၂၇ ရက်နေ့က ကြေညာလိုက်ပါတယ်။ဧပြီ ၁၆ ရက်နေ့က သင်္ဘောနစ်မြှုပ်မှုအပေါ် အစိုးရတုံ့ပြန်မှု ညံ့ဖျင်းတဲ့ရာထူးက နှုတ်ထွက်တာလို့ ဆိုပါတယ်။ ဒါဟာ သင်္ဘောပေါ်က လူအားလုံးကို ဖယ်ထုတ်အပြီး ပထမဆုံး ကြေညာချက်ပါ။ သူ့ရဲ့ နှုတ်ထွက်မှုကို သမ္မတက အတည်ပြုရဦးမှာ ဖြစ်ပါတယ်။
အင်ချုံမြို့ကနေ အားလပ်ရက်အပန်းဖြေရာ ဂျဲဂျု ကျွန်းကို ပြေးဆွဲတဲ့ ဒီသင်္ဘောဟာနစ်မြှုပ်စဉ်က လူ ၄၀၀ ကျော်ကို တင်ဆောင်ထားတာပါ။ လူ ၃၀၀ ကျော်ကတော့ ဒန်ဝမ် အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေပါ။
ဧပြီလ ၂၇ ရက်နေ့ အတည်ပြုချက်အရ အလောင်း ၁၈၇ လောင်းကို ရှာတွေ့ထားပါပြီ။ ကလေးတွေဟာ နောက်ထပ် အမိန့်ကို စောင့်နေတုံး သူတို့အခန်းတွေထဲမှာ နေခိုင်းတာ ခံခဲ့ရပါတယ်။

ကျနော့်အတွက် မှန်မှန်ကန်ကန်လုပ်ရမယ့်အရာက တာဝန်ယူဖို့နဲ့ အစိုးရတာဝန်ခံဖြစ်တဲ့ ကျနော်က နှုတ်ထွက်ဖို့ပါ။ ဒါဟာ တောင်းပန်တဲ့ နည်းလမ်းလို့ ထင်တယ်။ ကပ်ဘေးကို စောစောကိုင်တွယ်ဖို့ မတော်တဆ မဖြစ်အောင် ကာကွယ်ရာမှာ ပြဿနာတွေ အများကြီးရှိခဲ့လို့ အစိုးရကိုယ်စား တောင်းပန်ပါတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

သင်္ဘောမှောက်အပြီး နောက်နေ့မှာ ၀န်ကြီးချုပ်က ၀မ်းနည်းနေတဲ့ မိဘတွေဆီကို သွားရောက် လည်ပတ်ရာမှာတော့ သူ့ကို ၀ိုင်းအော်ခဲ့ကြပြီး တယောက်ကတော့ ရေသန့်ဗူးနဲ့ ပစ်ပေါက်ခဲ့ ပါတယ်။

သင်္ဘောမှောက်ပြီး နာရီပိုင်းအကြာမှာ ဒန်ဝမ် အထက်တန်းကျောင်းသားတွေ အားလုံး ကယ်တင်ပြီးပြီလို့ မိဘတွေဆီကို ဂျောင်ဂိဒို ခရိုင်ပညာရေးရုံးက ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့တယ်လို့ မီဒိယာက အစီရင်ခံပါတယ်။

အစိုးရအတွင်း သြဇာအရှိဆုံးသမ္မတက ပျောက်ဆုံးသူတွေရဲ့မိသားစုတွေ ခေတ္တနားခိုရာ အားကစားရုံကို သွားရောက် လည်ပတ်စဉ်က ဆွေမျိုးတချို့က မကျေမနပ် အော်တာ ခံခဲ့ရပါတယ်။

DVB Burmese 

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...