အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 April, 2014

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း


မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် နေအိမ်တစ်လုံးကို မီးငြိမ်းသတ်နေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်မြို့နယ်၊၁၃ရပ်ကွက်တွင်ဧပြီ၂၆ရက်မွန်းလွဲပိုင်းကမီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
Written by: ဥာဏ်ဝင်းရှိန်၊သက်မင်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...