အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 April, 2014

တောင်ကိုးရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ နိုင်ငံခြားသားတွေ ပတ်စ်ပို့ စစ်ဆေးရာမှာ ရုပ်မတူတဲ့အတွက် ဒုက္ခရောက်နေ

Photo: တောင်ကိုးရီးယားမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ နိုင်ငံခြားသားတွေ ပတ်စ်ပို့ စစ်ဆေးရာမှာ ရုပ်မတူတဲ့အတွက် ဒုက္ခရောက်နေ

တောင်ကိုရီးယားနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့ ပလတ်စတစ်ဆာဂျရီ မြို့ တော် လို့ တောင် သတ်မှတ်ခံထား ရပါတယ်။ တောင်ကိုရီးယားရဲ့ ပလတ်စတစ် ဆာ ဂျရီ အရည်အသွေးဟာ မြင့်မားလွန်းတဲ့ အတွက် တခြားနိုင်ငံက လာရောက်ခွဲ စိတ်ပြုပြင်တဲ့ ဧည့်သည်တွေ ဒုက္ခတွေ့ နေရတယ်လို့ ဆိုပါတယ်။ တောင်ကိုရီး ယားဆေးရုံတွေမှာ မျက်နှာခွဲစိတ်ပြု ပြင် ပြီး မိခင်နိုင်ငံကို ပြန်မယ့်လူတွေဟာ လေဆိပ်မှာ ဒုက္ခရောက်လေ့ရှိပါတယ်။ ပတ်စ်ပို့ က ဓာတ်ပုံနဲ့ အပြင်က ရုပ်နဲ့ က မယုံနိုင်စရာဖြစ်သွားခဲ့တဲ့အတွက်ပါ။

ဒါကြောင့် တောင်ကိုးရီးယားဆေးရုံတွေဟာ ရပ်ဝေးနိုင်ငံခြားက လာရောက် ခွဲစိတ်ပြုပြင်သူတွေကို မျက်နှာခွဲစိတ်ပြုပြင်ခဲ့ကြောင်း ထောက်ခံချက် လက်မှတ်ကို ထုတ်ပေးနေရပါတယ်။ ဒီထောက်ခံချက် လက်မှတ်မှာ ခွဲစိတ်ပြုပြင်သူရဲ့ ပတ်စ်ပို့ နံပါတ်၊ ဆေးရုံနာမည်နဲ့ တောင်ကိုးရီးယားမှာ လည်ပတ်ခဲ့တဲ့ အချိန်ကာလကို ဖော်ပြထားဖို့ သတ်မှတ်ထားပါတယ်။

၂၀၀၉ ခုနှစ်အတွင်းမှာ တရုတ်အမျိုးသမီး ၂၃ ဦးဟာ တောင်ကိုရီးယားမှာ ပလတ်စတစ်ဆာဂျရီ ကုသမှု ခံယူပြီး တရုတ်နိုင်ငံကို အပြန်ခရီးမှာ ရုပ်ရည်အကြီးအကျယ်ပြောင်းလဲနေတဲ့အတွက် အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံက လူ ၇၇ ယောက်မှာ ၁ ယောက်ဟာ သူ့ ရဲ့ရုပ်ရည်ကို ပိုမိုကြည့်ကောင်းစေဖို့ အတွက် ခွဲစိတ်ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ အသက် ၁၉ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်ဟာ လည်း ခွဲစိတ်ဓားအောက်ကို ၀င်ပြီး လှပဖို့ အတွက် မျက်နှာခွဲစိတ်ကုသမှု ခံယူကြတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ K-Pop ဂီတ ကမ္ဘာတစ်လွှားအောင်မြင်လာမှုနဲ့ အတူ နိုင်ငံရပ်ခြားကလာရောက်ကုသမှု ခံယူသူတွေနဲ့ တောင်ကိုရီးယား နိုင်ငံသား တွေဟာ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဓာတ်ပုံကိုပြပြီး ခွဲစိတ်မှု ခံယူကြ သလို အမေရိကန်ဆန်တဲ့ နှာခေါင်းနဲ့ မျက်လုံး ပုံစံမျိုး ခွဲစိတ်မှုက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...