အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 April, 2014

မုံရွာမြို့ သလ္လာရပ်ကွက်နေအိမ်မှ ၀ါယာရှော့ဖြစ်ပွားကာ နေအိမ်(၂၃)လုံးခန့် မီးလောင်ကျွမ်း



၂၅. ၄. ၂၀၁၄ ည( ၁၁)နာရီအချိန်ခန့် တွင်မုံရွာမြို့ သလ္လာရပ်ကွက် သလ္လာအမှတ်(၄) ရပ်တွင် ဦးကျော်မြင့် ဒေါ်သင်းသင်းဟန် တို့ ၏ နေအိမ်တွင် အိမ်ငှား ငှားရမ်း နေထိုင်သူဦးဘိုဌေး ဆိုသူ ၏ နေအိမ် မှ
ဝါယာရှော့ဖြစ်ပွား ကာ နေအိမ်(၂၃)လုံးခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့ရုံး ၏ ကနဦး ကြေးနန်းများအရ သိရသည်။




"လောင်တဲ့ အကြောင်းအရာကတော့ ၀ါယာရှော မှ စပြီးလောင်တယ်လို့ ကျွန်တော်တို့ မုံရွာခရိုင် ရဲတပ်ဖွဲ့ အနေနဲ့ သိထားပါတယ်။မြို့နယ်ကနေပြီး ကနဦး တက်လာတဲ့ ကြေးနန်း နဲ့ ဘဲ ပြောလို့ရပါသေးတယ်။တိတိကျကျ ပြော ပြဘို့ ဆိုတာကတော့ မလွယ်သေးပါဘူး။ညပိုင်းအချိန်ဖြစ်နေတဲ့ အတွက် အိမ်ထောင်စု ဘယ်လောက် အိမ်ခြေဘယ်လောက်ဆိုတာကလည်း ခန့်မှန်း ဘဲပြောလို့ ရပါအုံးမယ်။"ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့ မှ ရဲဝတိမ်းတစ်ဦး က သလ္လာဝတီတိုင်မ်း ကို ပြောသည်။

"စလောင်တော့ မီးတောက်ကြီးတွေက တက်လာတာအရမ်းမြန်တယ် အိမ် က ပစ္စည်းတွေက စပြီး ဘာတစ်ခုမှမသယ်နိုင်ပါဘူး ကလေးတွေဘဲ လွတ် အောင်ခေါ်ပြီး ထွက်ပြေးခဲ့ရပါတယ်။အိမ်ရှိ ပစ္စည်းကတော့ အကုန် ပါသွားပါတယ်"ဟု အဆိုပါ အိမ်ဝန်းအတွင်း အိမ်ငှားနေသူ ဇာတ်မင်းသမီး တစ်ဦး၏ အမေဖြစ်သူက ပြောပါသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ရသူများကို သလ္လာရပ်ကွက် အတွင်းရှိ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းများတွင် ယာယီကယ်ဆယ်ရေးစခန်း ဖွင့် လှစ်ထားရှိနိုင်ရန်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး တို့ မှ အပူတစ်ပြင်း ဆောင် ရွက်နေလျှက်ရှိကြောင်းလည်း သိရသည်။

သလ္လာဝတီတိုင်းမ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...