အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 March, 2014

ကိုယ့်ပုံ ကိုယ်ရိုက် (Selfie) တာ မလှလို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ



ပုံထဲက မြင်တွေ့နေရတဲ့ ဗြိတိန်နိုင်ငံက လူငယ်လေး ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးပြီး အသက် ၁၅ နှစ်သားက စလို့ ကိုယ့်ပုံကိုယ် ဖုန်းနဲ့ ရိုက်လို့ (Selfie) လုပ်လို့ Facebook ပေါ်မှာ ပုံတင်လာသူ ဖြစ်ပါတယ်ပြောရင် ယုံချင်စရာတောင် မရှိပါဘူး။ သူဟာ တစ်ရက်ကို Selfie ပုံ အပုံ ၂၀၀ ရိုက်ပါတယ်။ Faceboook ပေါ်မှာ အလှဆုံးတွေ ရွေးတင်ပြီး သူငယ်ချင်းတွက ဆံပင်မလှဘူး၊ အသားဝါတယ်၊ နှာခေါင်းမလှဘူး အစရှိသဖြင့် ဝေဖန် ကွန်းမင့်များကို ကြည့်လို့ စိတ်ဖိစီးမှု ရပြီး အကောင်းဆုံး ဓာတ်ပုံကို နေ့တိုင်း ရိုက်ပါတော့တယ်။ ဓာတ်ပုံ ရိုက် အားကောင်းမှုကြောင့် ကျောင်းတောင် ထွက်ရ ပါတယ်။ မနက် အိပ်ယာထရင် ၁၀ ပုံ၊ သွားတိုက်ရင် ၁၀ ပုံ၊ ရေချိုးရင် ၁၀ ပုံ၊ ကျောင်းသွားခါနီး မှန်ကြည့်ရင် အပုံ ၂၀ အစရှိသဖြင့် ရိုက်ပြီး နောက်တော့ ကျောင်းတောင် မရောက်နိုင်တော့ တာကြောင့် ကျောင်း ထွက် ရတဲ့အထိ အခြေအနေ ဆိုးသွား ပါတယ်။

ဒါလဲ လက်မလျော့ပဲ အိမ်ထဲမှာပဲ ၆ လကြာ နေပြီး ဆက်ရိုက် ပါတယ်။ ပေါင်ချိန် ၂ စတုံကျပြီး အအိပ်အစား မမှန်တော့တဲ့အထိ ရိုက်ပါတယ်။ နောက်တော့ အလှဆုံးပုံ ထွက်မလာ ပါလား ဆိုပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ အတွက် ဆေးအလွန်အကျွံသောက်ပါ တော့ တယ်။ နောက်တော့ အမေဖြစ်သူ အချိန်မှီကယ်လို့ ဆေးရုံတင်ပေးခဲ့ တာကြောင့် အသက်ဘေးမှ လွတ်မြောက် ခဲ့ ပါတယ်။ သူ ဟာ တစ်ရက်ကို အပုံ ၂၀၀ ပျမ်းမျှ ရိုက်ကြောင်းလည်း စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။

Selfie ဆိုတဲ့ စကားလုံး ဝေါဟာရဟာ အရင်နှစ်ကမှ အောက်စ်ဖို့ အဘိဓာန် မှာ စတင် ပါဝင်လာခြင်း ဖြစ်ပါတယ်။ မိမိပုံ မိမိ ကင်မရာ၊ ဖုန်း ကိုင်လို့ ရိုက်ကူးခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Danny Bowman လို့ အမည်ရတဲ့ ယင်းလူငယ်လေးလိုပဲ Selfie စိတ်ရောဂါ ဝင်သူများ ကမ္ဘာ တစ်လွှားမှာ သိန်းနဲ့ချီ ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ စိတ်ရောဂါ တစ်မျိုး ဖြစ်လာ ကြောင်း သိရ ပါတယ်။
.
Ref: mirror
အောင်ခမ်း (ရိုးရာလေး)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...