အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 March, 2014

ဂျပန်က ဆိုင်းငံ့ သေဒဏ် အကျဉ်းသား ပြန်လွတ်လာ


၄၆ နှစ်ကြာ အကျဉ်းကျနေသူ ဟာ့ကမာ့ဒ ပြန်လွတ်လာစဉ်
ဂျပန်နိုင်ငံမှာ သေဒဏ်ချ ခံထားရပြီး ထောင်ထဲမှာ စံချိန်တင် နှစ်အကြာဆုံး နေခဲ့ရသူ ဖြစ်တဲ့ အိုင်ဝါအို ဟာ့ကမာ့ဒကို တရားသူကြီးက ပြန်လွှတ်ပေးလိုက်ပါတယ်။

အရင်က ကြေးစား လက်ဝှေ့သမား တစ်ဦးဖြစ်တဲ့ မစ္စတာ ဟာ့ကမာ့ဒ ဟာ ထောင်ထဲမှာ နှစ်ပေါင်း ၄၆ နှစ် နေခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ အလုပ်ရှင် အပါအဝင် အဲဒီ အလုပ်ရှင်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကိုပါ သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သူ သေဒဏ် ချခံခဲ့ရတဲ့ အမှုကို ပြန်လည် ကြားနာ စစ်ဆေးကြမှာ ဖြစ်ပါတယ်။

မစ္စတာ ဟာ့ကမာ့ဒဟာ အခု အသက် ၇၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

သူ့ရဲ့သွေး စွန်းထင်းနေတဲ့ အဝတ် ဆိုပြီး အမှုအတွင်း သက်သေအဖြစ် အသုံးပြုခဲ့တာမှာ DNA စမ်းစစ်မှု အရ သူ့ရဲ့ သွေး မဟုတ်ဘူး ဆိုတဲ့အကြောင်း ရှေ့နေအဖွဲ့က တင်ပြနိုင်ခဲ့ပြီးနောက် တရားရုံးက သူ့အပေါ် ချမှတ် ထားခဲ့တဲ့ သေဒဏ်ကို ဆိုင်းငံ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို မူလ စုံစမ်းခဲ့တဲ့ သူတွေဟာ သက်သေ ပစ္စည်းတွေ တင်ပြခဲ့တဲ့ နေရာမှာ လုပ်ကြံ ဖန်တီးခဲ့ပုံရတယ်လို့ တရားသူကြီးက ဆိုခဲ့ပါတယ်။

BBC Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...