အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

28 March, 2014

မင်းသမီးနေရာတွင်မြင်တွေ့ရမည့် သရုပ်ဆောင် ယွန်းရွှေရည်


ပရိသတ်ကြီး၏ တောင်းဆိုမှုကြောင့် ဇာတ်ပို့မင်းသမီးနေရာမှ
ယခုအခါတွင်မူ ခေါင်းဆောင်မင်းသမီးနေရာ၌ ရိုက်ကူးမှုကို မြင်
တွေ့ကြရတော့မည်ဖြစ်သည်ဟု သရုပ်ဆောင်ယွန်းရွှေရည်က မတ်
၂၄ ရက်တွင် စံတော်ချိန်သို့ ပြောဆိုသည်။

" အစ်မကို ပရိသတ်ကြီးကလည်း ပြောကြတယ်ပေါ့နော်။
ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်မဆောင်ဘူးလားနဲ့ပြော
တာတွေလည်းရှိတယ်။ အဲဒါကြောင့် ပရိသတ်ကြီးကို " ဒီကိစ္စနဲ့ပတ်
သက်ပြီး မနောက်ပါနဲ့ " ဇာတ်ကားမှာ မိုးအောင်ရင်၊ ရဲအောင်၊ ဝေလျှံ
နဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးမှာ ခေါင်းဆောင်မင်းသမီးနေရာ
ကနေ သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ အစ်မက
ပြင်ဦးလွင်မြို့အိမ်ကနေ အိမ်ထောင်ပြုခိုင်းလို့ ရန်ကုန်ကို ပြေးလာတာ
ပေါ့နော်။ ရပ်ကွက်ထဲမှာက မိုးအောင်ရင်နဲ့ ဝေလျှံက ငပွေးနှစ်ကောင်
ပေါ့။ အဲဒီမှာလိုက်ပြီးတော့ အစ်မကိုပိုးကြေးပန်းကြေးနဲ့ အပြိုင်ပိုးတာ
ပေါ့ နော်။ အဲဒီလိုမျိုး ဖန်စီဟာသဇာတ်ကားလေးပါ။ ပရိသတ်ကြီးက
လည်း ဒီကားလေးထွက်လာရင် အားပေးကြပါဦး " ဟု ယွန်းရွှေရည်က
ဖြည့်စွက်ပြောဆိုခဲ့သည်။

လတ်တလောအနုပညာအနေဖြင့် အောင်တိုင်းကျော် ရိုက်ကူး
ထားသော " သင့်ကြောင့် " ဇာတ်လမ်းတွင် လူမင်း၊ ၀တ်မှုံရွှေရည်တို့နှင့်
တွဲဖက်ရိုက်ကူးလျက်ရှိနေပြီး သရုပ်ဆောင်မှု၌လည်း မည်သည့်
ကာရိုက်တာမဆို ကောင်းစွာပုံဖော်သွားမည်ဟု သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...