ယခင်အစိုးရ
လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် မြန်မာအထူး
စီးပွားရေးဇုန် ဥပဒေတို့အား ဖျက်သိမ်းမည့် အဆိုကို ဇူလိုင် ၁၀ ရက်က
ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာနက မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား လွှတ်တော်သို့
တင်သွင်းထားကြောင်း၊ တင်သွင်းထားသော မြန်မာအထူး စီးပွားရေးဇုန်
ဥပဒေကြမ်းနှင့် ပတ်သက်၍
တစ်ပိုဒ်ချင်းစီအလိုက် ပြင်ဆင်သင့်သည့်
အချက်များကို ပြည်သူ့လွှတ်တော်က အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့သည်။
ထိုသို့ အဆုံးအဖြတ် ရယူရာတွင် လက်ရှိ မြန်မာအထူး စီးပွားရေးဇုန်
ဥပဒေကြမ်းပါ အချက်များနှင့် ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး
စီးပွားရေးဇုန် ဥပဒေ၊ မြန်မာအထူး စီးပွားရေးဇုန် ဥပဒေပါ အချက်များ
ဆန့်ကျင်လျက် ရှိသည့်အတွက် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မြန်မာအထူး
စီးပွားရေးဇုန် ဥပဒေများကို ဖျက်သိမ်းရန် ပြင်ဆင်ချက် အဆိုကို
တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဆိုကို ပြည်သူ့လွှတ်တော် ဥပဒေဆိုင်ရာ
ကော်မတီများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၀င်များ၏
သဘောတူညီချက်ဖြင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် လက်ရှိအမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာနမှ တင်သွင်းသည့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကြမ်းအား
အတည်ပြုပြီးပါက ယခင် အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်
အထူးစီးပွားရေးဇုန် ဥပဒေနှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေကို
ဖျက်သိမ်းသွားမည် ဖြစ်သည်။ လက်ရှိတွင် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ယခင်က ရင်းနှီးတည်ဆောက်သူ အဖြစ်
ရွေးချယ် လုပ်ကိုင်နေသည့် အီတာလျံထိုင်း အများပိုင်ကုမ္ပဏီ၏ ဘဏ္ဍာရေး
အခက်အခဲကြောင့် ရပ်နားလိုက်ရပြီး ဆက်လက်၍ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးတည်ဆောက်သူ အသစ်ကို တင်ဒါခေါ်၍
ထပ်မံရွေးချယ် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
ထားဝယ်ခရိုင် နဘုလယ်ဒေသတွင် ဖော်ဆောင်နေသော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်နေရာ
12 July, 2013
ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွားရေးဇုန်နှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေများကို ဖျက်သိမ်းရန် ပြည်သူ့လွှတ်တော် အတည်ပြု
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
July
(52)
-
▼
Jul 12
(19)
- မိခင်က သားငယ်ကို ကတ်ကျေးနဲ့ အချက် ၉၀ ကျော် ထိုး
- ဘရစ်တနီ၏ သီချင်းဗီဒီယိုသစ်တွင် သူမ၏သားနှစ်ဦး ပါဝင...
- ဘောလီးဝုဒ် သရုပ်ဆောင်တွေက အရည်အချင်း ပြည့်ဝတယ်ဆိုသ...
- အဲယားအိန္ဒိယရဲ့ ရန်ကုန်-ကာလကတ္တား ခရီးစဉ် တိုးချဲ့ပျ...
- မလေးမှ ပြန်ရန် လေယာဉ်လက်မှတ်ခ မတတ်နိုင်သူ မြန်မာ ၁...
- မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ကရင်၊ မွန်ပြည်နယ်န...
- ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါြး...
- အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် တက္ကသိုလ်များအား ကို...
- ဘုရားသုံးဆူ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်...
- ပုဂ္ဂလိက ရုပ်ရှင်ရုံများ ရင်းနှီးမြှုပ်နှံရန် ကိုရီ...
- မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလ...
- ရန်ကုန်မြို့ ရုံးခန်းငှားရမ်းခနှုန်း နယူးယောက်၊ တို...
- ဦးဇင်ဝိုင်း လကုန် မြန်မာပြည်ပြန်လာမည်
- မြန်မာ့ စိန်တစ်လုံး သရက်သီး တစ်တန် အမေရိကန် ဒေါ်လာ ...
- တိရစ္ဆာန်မှ လူသို့ကူးစက်ပြီး သေဆုံးမှုမြင့်သည့် ရောဂ...
- လူငယ်များအကြား ဘိန်းစာရွက်အား အလွန်အကျွံ အသုံးပြုလ...
- ဆယ်ကျော်သက် အရွယ် ကိုယ်ဝန် မယူဖို့ ပညာပေး
- ယခင်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် ထားဝယ်အထူး စီးပွ...
- အမျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ နေထက်လင်း
-
▼
Jul 12
(19)
-
▼
July
(52)