စခန်းဖွင့်လှစ်နိုင်ဖို့လည်
မြန်မာနိုင်ငံနှင့် နယ်နိမိတ် မိုင်ပေါင်း ၁၃၀၀ ခန့် ထိစပ်နေသည့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး စခန်းများအဖြစ် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်၊ မြိတ်စသည့် နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုအထိ ရှိနေပြီး ပြီးခဲ့သည့် မေလအတွင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် ထိစပ်နေသည့် ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိကာလတွင် ခုနစ်ခုမြောက် စခန်းအဖြစ် ဖွင့်လှစ်နိုင်ရန် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကယားပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းအား ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မဲစဲ့နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းမှုနှင့် နယ်မြေလုံခြုံရေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရန်နှင့် နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန် ဖွင့်လှစ်ပြီးဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ် ၁၀၅ မိုင်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ မောတောင်၊ ထီးခီး၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများအား ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
EMG
မြ၀တီနယ်စပ်တွင် ကုန်သွယ်နေသည့် မော်တော်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း -မြ၀တီ)