အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 July, 2013

အမျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ နေထက်လင်း

အခု အမျိုးစောင့်ဥပဒေထုတ်ပြန်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။
တိုင်းမဂ္ဂဇင်းက ပြောထားတာတွေကို ကျွန်တော်လက်မခံဘူး။ အမျိုးပျောက်သွားရင် ဒီနိုင်ငံကို ဘယ်သူကယ်တင်မှာလဲ။ ကယ်မယ့်သူ မရှိဘူး။ ဖျက်ဆီးမဲ့သူပဲ ရှိတယ်။ ဒါကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ ကယ်တင်တာပဲ။ အဲဒီဘုန်းကြီး မှန်တာပဲ။ဒါ လုပ်သင့်တယ်။ အမျိုးကို စောင့်သင့်တာပေါ့။ အခု လူမျိုးတွေ ရောကုန်ပြီ။ အမျိုးကို စောင့်တဲ့ဥပဒေဆိုတာ ထားရမယ်။ ဒီနိုင်ငံ ဘာနိုင်ငံလဲ။ ထေရ၀ါဒနိုင်ငံ

မဟုတ်ဘူးလား။ ကျွန်တော်တို့ တိုင်းပြည် ပျောက်သွားမယ်။ မလေးရှား ဖိလစ်ပိုင် အင်ဒိုနီးရှားတို့က တစ်ချိန်တုန်းက ဗုဒ္ဓဘာသာ၊ အခု ဗုဒ္ဓဘာသာ မဟုတ်တော့ဘူး။
သူတို့ မစောင့်ထိန်းလို့။ တိုင်းပြည်အုပ်ချုပ်တဲ့မင်း ဘာလုပ်နေသလဲ စဉ်းစားစရာပဲ။

ကျွန်တော်ပြောတာ ဒီနိုင်ငံ မပျက်ဖို့ ပြောတာ။ ကျန်တဲ့ အထွေထွေ နောက်မှပြော။
လောလောဆယ်အမျိုးကို စောင့်ထိန်းဦး။ မြန်မာနိုင်ငံ နယ်နိမိတ်ကို မပျောက်ပျက်
အောင်ထိန်းပါဦး။ HUMAN RIGHT နဲ့ တိုင်းတယ်ဆိုရင်လည်း ဒီစကားလုံးက မနေ့တစ်နေ့ကမှ ပေါ်လာတဲ့စကားလုံး။ လောကကြီးမှာ '' ဂငယ်'' ကို ဘက်ပေါင်းစုံက
ကြည့်ရင် သူ့ရှုထောင့်နဲ့သူ မှန်နေတာပဲ။

ဘုရားပေးခဲ့တဲ့ ပေတံနဲ့ပဲ တိုင်းပါ။ ကျွန်တော်တော့ ဒီပေတံပဲ ကိုင်ထားတယ်။
ဘုရားက အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဟောထားပြီးသားပါ။

နေထက်လင်း
VOL(1)NO(41)လူထုပုံရိပ်ဂျာနယ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...