အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 June, 2013

အသားကင်ဆိုင်များရှိ အကင်များ၌ အစာအဆိပ်သင့်မှု ဖြစ်စေသော E.coli ပိုးတွေ့ရှိ

လမ်းဘေးအသားကင် ဆိုင်များတွင် ရောင်းချနေသည့် အကင်များ၌ အစာအဆိပ်သင့်မှုကို ဖြစ်စေသော E.coli ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သိရသည်။ စစ်ဆေးမှု ပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းဘေးအသားကင် ဆိုင်များမှ ၀က်၊ ကြက်၊ ဆိတ် အသားကင် နမူနာ စုစုပေါင်း ၇၅ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး E.coli ပိုးများအနက် အစာအဆိပ်သင့်မှုကို ဖြစ်စေသည့် Verotoxcin V1 နှင့် V2 ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကြက်နှင့် ၀က်ကင်များတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး အချို့ဝက်သားကင်များတွင် Verotoxcin V1,V2 နှစ်မျိုးလုံး ပါဝင်နေကြောင်းနှင့် ယင်းပိုးပါဝင်သည့် အစားအသောက်များကို စားသုံးမိပါက ပျို့ခြင်း၊ အန်ခြင်း၊ အလွန်အမင်း ဗိုက်ရစ်နာခြင်း၊ ၀မ်းသွားခြင်းကို ဖြစ်စေနိုင်...

''စစ်ဆေးတဲ့နေရာမှာ ကြက်၊ ၀က်၊ ဆိတ် အသားကင်နမူနာ ၂၅ ခု ဆီယူပြီး စစ်ဆေးခဲ့ပြီး အဲဒီအသားကင်ထဲမှာ E.coli ပိုးကို ရှာတယ်။ E.coli ပိုးတွေကို ဓာတ်ခွဲ စစ်ဆေးကြည့်တော့ Verotoxcin V1 နှင့် V2 ကို စစ်ဆေးတွေ့ရှိခဲ့တယ်။ အဲဒါက လတ်တလော အစာအဆိပ်သင့်မှုကို ဖြစ်စေတယ်။ အခုစစ်ဆေး တွေ့ရှိခဲ့တဲ့ ပိုးတွေက အရမ်းပြင်းထန်တာမျိုး မဟုတ်ပေမယ့် ပြင်းထန်တဲ့ E.coli ပိုးမျိုးသာ ပါဝင်ခဲ့မယ်ဆိုရင် လူကို သေစေနိုင်ပါတယ်'' ဟု ဇီဝအဆိပ်ဗေဒ သုတေသနဌာနခွဲမှ ဒေါက်တာသောင်းလှက ပြောပြခဲ့သည်။

အဆိုပါ အစာအဆိပ်သင့်မှုကို ဖြစ်စေသည့် ပိုးများကို ကြက်နှင့် ၀က်ကင်များတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး အချို့ဝက်သားကင်များတွင် Verotoxcin V1,V2 နှစ်မျိုးလုံး ပါဝင်နေကြောင်းနှင့် ယင်းပိုးပါဝင်သည့် အစားအသောက်များကို စားသုံးမိပါက ပျို့ခြင်း၊ အန်ခြင်း၊ အလွန်အမင်း ဗိုက်ရစ်နာခြင်း၊ ၀မ်းသွားခြင်းကို ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...