အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 June, 2013

တက္ကစီများကို CNG ထပ်မပေးတော့ဟုဆို

သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများမှ ရရှိလာမည့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed Natural Gas) ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးများတွင်သာ ဦးစားပေး အသုံးပြုမည့်အတွက် ယခင် CNG တက္ကစီ များမှလွဲ၍ CNG အိုးအသစ်များ ထပ်မံ ချထားပေးတော့မည် မဟုတ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ယခင်က CNG တပ်ဆင်ထားပြီး ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစနစ်ဖြင့် အသစ် တင်သွင်းလာသည့် တက္ကစီများကိုမူ CNG ပြန်လည် တပ်ဆင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

၂၀၁၃ ခုနှစ်တွင် CNG ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်သောကြောင့် မော်တော်ယာဉ် များကို CNG အိုးအသစ် ထပ်မံချထားပေးရန် အစီအစဉ် ရှိသည်ဟု ပြောကြား ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ပိုမိုမြင့်မားနေခြင်းကြောင့် အဆိုပါ ကဏ္ဍကို ဦးစားပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“တက္ကစီတွေကို ပေးရင် ရန်ကုန်က လူတစ်စုလောက်ပဲ အကျိုးရှိမှာ။ ဒါကို လျှပ်စစ်ထဲ ထည့်လိုက်ရင် တောတွေအထိပါ လျှပ်စစ်ရတော့ လူအများ အကျိုးရှိတာပေါ့” ဟု၎င်းကဆိုသည်။

အများပြည်သူ ပို့ဆောင်ရေးကဏ္ဍမှာလည်း အရေးပါသည့် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် ပို့ဆောင်ရေး ကဏ္ဍတွင်လည်း CNG ကို ယခုထက်တိုး၍ အသုံးပြုသင့်ပြီး အိမ်နီးချင်း နိုင်ငံများတွင် CNG ကို ပို့ဆောင်ရေးကဏ္ဍတွင် အများအပြား အသုံးချကြကြောင်း တက္ကစီ ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ လိုအပ်ချက်တစ်ရက်လျှင် ကုဗပေသန်း ၅၆၀ ရှိပြီး လက်ရှိတွင် ကုဗပေသန်း ၂၆၀ သာ ဖြည့်ဆည်းနိုင်သည့် အတွက် နေ့စဉ် လိုအပ်ချက်၏ ၄၃ ရာခိုင်နှုန်းသာ ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ပြောကြားသည်။

The Voice Weekly
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...