ဘရာဇီးလ်တွင်
စပိန် လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ပါဝင် ကစားနေသော ချစ်သူ
ဂျရတ်ပီကေးအား ရှာကီရာက လိုက်လံ အားပေးခဲ့ကြောင်း သိရှိရသည်။
ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲအဖြစ် အီတလီကို စပိန်က ပင်နယ်တီ
အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ရာတွင် ဘာစီလိုနာ အသင်း၏ ဗဟိုနောက်ခံလူကို
ရှာကီရာက လိုက်လံ အားပေးခဲ့ခြင်း ဖြစ်သည်။ကိုလံဘီယာ ကြယ်ပွင့် အဆိုတော်သည် ဘောလုံးပွဲကို စိတ်ဝင်တစား
ကြည့်ရှုခဲ့သလို စပိန်ဘက်မှ စိတ်အားထက်သန်စွာ အားပေးနေခဲ့သည်ကို
တွေ့ရှိရသည်။
အသက်(၃၆)နှစ်ရှိ ရှာကီရာသည် သူမထက် (၁၀)နှစ်ငယ်သည့် ပီကေးနှင့်အတူ ဘရာဇီးလ်သို့ လိုက်ပါလာခြင်း အခြား ပရိသတ်များနှင့် ရောနှောပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့သည်။
ဖော်တာလန်ဇာတွင် ကစားသော ပွဲစဉ်မှာ အကြိတ်အနယ် ဖြစ်ခဲ့သလို အီတလီကလည်း ကမ္ဘာ့ချန်ပီယံ စပိန်အသင်းကို တန်ပြန် ခြိမ်းခြောက်နိုင်ခဲ့သဖြင့်
ရှာကီရာအတွက် အားမလို အားမရ ဖြစ်နေခဲ့ရသည်။ ယင်းတို့ စုံတွဲ၏ (၆)လအရွယ်
သားငယ်လေး မီလန်သည် အဆိုပါ ပွဲစဉ်အတွက် လိုက်ပါလာခြင်း မရှိချေ။
ရှာကီရာသည် ငယ်ရွယ်သေးသော ကလေးငယ်အား ယခုပွဲသို့ ခေါ်ဆောင်လာခြင်း မရှိသော်လည်း ၎င်းအတွက် သင့်တော်သည့် အရွယ်အစား ဘောလုံးငယ်လေးတစ်ခု ဝယ်ပေးထားကြောင်းမူ သိရှိရသည်။ ရှာကီရာနှင့် ပီကေးတို့သည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အဖွင့်သီချင်းအဖြစ် #Waka #Wakaကို ရိုက်ကူးရာမှ တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
Planet.com.mm