ရန်ကုန်-
မန္တလေး အဆင့်မြင့် ခေတ်မီ မီးရထားလမ်းအဖြစ် ပြင်ဆင်ရန်အတွက် အသေးစိတ်
စစ်ဆေး လေ့လာမှုများအပေါ် မူတည်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု မြန်မာ့မီးရထားဝန်ကြီး ဌာနမှ သိရသည်။ လက်ရှိတွင် ရန်ကုန်-မန္တလေး ရထားလမ်းကို စတင်လုပ်ကိုင်နေကြောင်းနှင့် 
အဆိုပါ မီးရထားလမ်းပြီးဆုံးပါက ရန်ကုန်-မော်လမြိုင် ရထားလမ်း၊
ရန်ကုန်-ပြည် ရထားလမ်းနှင့် ရန်ကုန်-မြစ်ကြီးနား ရထားလမ်းများအား ထပ်မံ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းမီးရထားရုံး အမှတ်(၇)မှ သိရသည်။
“Sun tech ကုမ္ပဏီကို JICA က ငှားပြီးတော့ မီးရထားလမ်းတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီး ရရှိတဲ့ အချက်အလက်တွေ (Data) ကို အခု တွက်ချက်နေတယ်၊ အဲဒီကထွက်လာတဲ့ ရလဒ် ပေါ်ကိုမူတည်ပြီး အဆင်မြင့်တင်ဖို့ကို ဆက်လုပ်သွားမယ်” ဟု ရန်ကုန်တိုင်း ဒုတိယအထွေထွေမန်နေဂျာ (မြို့ပြ) ဦးတင်ဝင်းက ဆိုသည်။
မီးရထားလမ်း အရည်အသွေးစစ်ဆေးရာ၌ မီးရထားလမ်း ကုန်းအမြင့်၊ လမ်း၏ ဆင်ခြေလျှော နှင့် အောက်ခံ ထည့်ထားသော ကျောက်သားထုများ၏ အရည်အသွေးသာမက လမ်းခရီးရှိ တံတားများကိုပါ ထည့်သွင်း စစ်ဆေး ထားသည်ဟု သိရသည်။
“အခုလက်ရှိပြေးဆွဲနေတဲ့ ရန်ကုန်-မန္တလေး ရထားဆိုရင် ကြာချိန် ၁၆ နာရီ လောက် ကြာတော့ ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး လုပ်တာပါ၊ အခုက စမ်းသပ်စစ်ဆေးပြီးပြီ (Data) တွေကို တွက်ချက်နေတယ် အားလုံးပြီးသွာရင်တော့ မိုင်းနှုန်းမြင့် မောင်းနိုင်မှာ ဖြစ်ပြီး ခရီသွား ပြည်သူများလည်း အချိန်အကြာကြီး စီးစရာမလိုတော့ဘူး” ဟု တိုင်းမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ရန်ကုန်- မန္တလေး ခေတ်မှီ ရထားလမ်း တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ခန့်ထောက်ပံ့မည်ဖြစ်ကြောင်း ကနဦးအကြမ်းဖျဉ်းလေ့လာမှုများ ကို ဂျပန်နိုင်ငံမှ ထောက်ပံ့ ပေးခဲ့ ကြောင်းကို မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။
“အခုလို လုပ်ပေးတော့ ကောင်းတာပေါ့ ကျမတို့အတွက်လည်းအများကြီးအ ဆင်ပြေတာပေါ့
အခုလို မိုးတွင်း ဆိုရင် လမ်းလျှော်တာတွေက အဖြစ်များတယ်။
အခုလိုလုပ်ပေးလို့ လမ်းတွေ ကောင်းလာမယ် ဆိုရင် ဝမ်းသာတာပေါ့ အခုဆို
မြန်နှုန်းမြင့်အောင်လုပ်တယ် ဆိုတော့ အချိန်ကုန်သက်သာတာပေါ့”ဟု ရန်ကုန်-မန္တလေးရထားစီးသည့် ခရီးသွားဒေါ်ခင်မာလာက ပြောသည်။
မီရထားဝန်ကြီးဌာနမှ မီရထားလမ်းများသာမက ဘူတာရုံများကို နိုင်ငံတကာမှ ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီး အဆင်မြင့်တင်ရန် အစီအစဉ်ရှိသော်လည်း ယခုအခါတွင် ဘူတာရုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကိုသာ လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။
http:// myitmakhamediagroup.com/ detail.php?newid=4996See More
“Sun tech ကုမ္ပဏီကို JICA က ငှားပြီးတော့ မီးရထားလမ်းတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီး ရရှိတဲ့ အချက်အလက်တွေ (Data) ကို အခု တွက်ချက်နေတယ်၊ အဲဒီကထွက်လာတဲ့ ရလဒ် ပေါ်ကိုမူတည်ပြီး အဆင်မြင့်တင်ဖို့ကို ဆက်လုပ်သွားမယ်” ဟု ရန်ကုန်တိုင်း ဒုတိယအထွေထွေမန်နေဂျာ (မြို့ပြ) ဦးတင်ဝင်းက ဆိုသည်။
မီးရထားလမ်း အရည်အသွေးစစ်ဆေးရာ၌ မီးရထားလမ်း ကုန်းအမြင့်၊ လမ်း၏ ဆင်ခြေလျှော နှင့် အောက်ခံ ထည့်ထားသော ကျောက်သားထုများ၏ အရည်အသွေးသာမက လမ်းခရီးရှိ တံတားများကိုပါ ထည့်သွင်း စစ်ဆေး ထားသည်ဟု သိရသည်။
“အခုလက်ရှိပြေးဆွဲနေတဲ့ ရန်ကုန်-မန္တလေး ရထားဆိုရင် ကြာချိန် ၁၆ နာရီ လောက် ကြာတော့ ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး လုပ်တာပါ၊ အခုက စမ်းသပ်စစ်ဆေးပြီးပြီ (Data) တွေကို တွက်ချက်နေတယ် အားလုံးပြီးသွာရင်တော့ မိုင်းနှုန်းမြင့် မောင်းနိုင်မှာ ဖြစ်ပြီး ခရီသွား ပြည်သူများလည်း အချိန်အကြာကြီး စီးစရာမလိုတော့ဘူး” ဟု တိုင်းမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ရန်ကုန်- မန္တလေး ခေတ်မှီ ရထားလမ်း တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ခန့်ထောက်ပံ့မည်ဖြစ်ကြောင်း
“အခုလို လုပ်ပေးတော့ ကောင်းတာပေါ့ ကျမတို့အတွက်လည်းအများကြီးအ
မီရထားဝန်ကြီးဌာနမှ မီရထားလမ်းများသာမက ဘူတာရုံများကို နိုင်ငံတကာမှ ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီး အဆင်မြင့်တင်ရန် အစီအစဉ်ရှိသော်လည်း ယခုအခါတွင် ဘူတာရုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်
http://