အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 May, 2013

MAI ၏ Airbus ရန်ကုန်-မန္တလေး ခရီးစဉ်ကို မေ ၂၆ ရက်တွင် စတင် ပျံသန်းပေးမည်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ Airbu...s ဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို မေလ ၂၆ ရက်တွင် စတင် ပျံသန်းပြေးဆွဲတော့မည် ဖြစ်သည်။

“ရန်ကုန်-မန္တလေး ခရီးစဉ်ကို အပတ်စဉ် အဂါင်္၊ ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပျံသန်း ပြေးဆွဲပေးသွားမှာပါ။ ခရီးစဉ်အနေနဲ့ ရန်ကုန်ကနေ မနက် ၆ နာရီခွဲမှာ ထွက်ခွါမှာ ဖြစ်ပြီး မန္တလေးကို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရောက်ရှိပါမယ်။ မန္တလေးမှ ရန်ကုန်ကို မွန်းလွဲ ၂ နာရီမှာ ထွက်ခွါပေးမှာ ဖြစ်ပြီး ရန်ကုန်ကို ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရောက်ရှိမှာပါ” ဟု MAI မှ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်အေးမရသာ က ပြောသည်။

ယင်းခရီးစဉ်အတွက် လူဦးေ၇ ၁၂၀ ဆံ့ Airbus A319 ဖြင့် ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။

“မန္တလေးကို အရင်ဆုံး ပျံသန်းပြေးဆွဲပေးတာပါ။ အဓိက က Airbus တွေနဲ့ ပြေးဆွဲနေတဲ့အတွက် ဒီလေယာဉ်တွေ ဝင်လို့ရတဲ့ လေယာဉ်ကွင်းတွေက မန္တလေးနဲ့ နေပြည်တော်ပဲ ရှိတယ်။ ဒါကြောင့် ပြည်ပကိုပဲ အဓိက ပြေးဆွဲပျံသန်းရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

MAI အနေဖြင့် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလန်ပူ၊ ကွမ်းကျိုး၊ ဂါယာ၊ ဖနွမ်းပင်နှင့် ဆီရမ်ရိ ခရီးစဉ်တို့ကို တိုက်ရိုက် ပျံသန်း ပြေးဆွဲပေးလျက်ရှိသည်။ ထို့အပြင် မန္တလေးမှလည်း ဘန်ကောက်၊ စင်္ကာပူနှင့် ဂါယာခရီးစဉ်တို့ကို တိုက်ရိုက် ပြေးဆွဲပေးလျက် ရှိသည်။

“အရင်က ဂါယာ (အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ)ကို သွားဖို့အတွက် ရန်ကုန်ကမှ တဆင့် သွားရတာ။ အခုဆို အချိန်ရော၊ လူရော အတော်သက်သာသွားပါတယ်” ဟု နှစ်စဉ် မန္တလေးမှ ဂါယာသို့ ဘုရားဖူး သွားလေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် ဒေါ်အေးမိုး က ပြောသည်။

MAI သည် Airbus လေယာဉ် ၉ စင်းဖြင့် ပြည်ပသို့ ပြေးဆွဲနေသော လေကြောင်းလိုင်း တခု ဖြစ်သည်။

Mizzima News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...