အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 May, 2013

အေဂျီဒီဘဏ်နှင့် အမေရိကန်ကုမ္ပဏီများ ဆွေးနွေး



မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေ
... ဘဏ် (AGD) ဟာ အမေရိကန်က ကမ္ဘာကျော် အီလက်ထရွန်းနစ် နည်းပညာကုမ္ပဏီတွေဖြစ်ကြတဲ့ Master ၊ Visa Inc တို့နဲ့ လက်တွဲဆောင်
ရွက်ဖို့ ဆွေးနွေးနေတယ်လို့ ဘဏ်ရဲ့ Customer Service ဌာနက ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောပါတယ်။

“ဗီဇာဆိုတော့ ဗီဇာကတ်ကို ပိုက်ဆံထုတ်ပေးတဲ့ဟာပေါ့။ တခြားလူတွေ လုပ်သလိုပါပဲ။ မြန်မာနိုင်ငံက တခြား ဘဏ် ၃-၄ ခုလောက်နဲ့ သူတို့ လုပ်ပြီးနေပြီ။ ကျနော်တို့ ဘဏ်နဲ့က မလုပ်ရသေးဘူး၊ စကားပြောဆိုနေ
တုန်းပဲ ရှိသေးတယ်။ ကျနော်တို့ကို ပထမအကြိမ် သူတို့လာတုန်းကတည်းက
လာရောက်တွေ့ဆုံဆွေးနွေးတာရှိတယ်။ စကားလာပြောတာတော့ ရှိတယ်။”

အမေရိကန်ပြည်ထောင်စုက ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုအပေါ် ပြီးခဲ့တဲ့
ဖေဖော်ဝါရီလက စီးပွားရေး ဖြေလျှော့ပေးလိုက်ပြီးနောက် ဒီအစီအစဉ်
ပေါ်ပေါက်လာတာပါ။

ဗီဇာကတ်လို့ လူသိများတဲ့အီလက်ထရွန်းနစ်စနစ် ငွေပေးချေရေးကတ်
လုပ်တဲ့ အမေရိကန်ကုမ္ပဏီ ၂ ခုနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ ဒီငွေပေးချေ
ရေးကတ်တွေကို အေဂျီဒီဘဏ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် ဝန်ဆောင်
မှုဟာ လာမယ့် လအနည်းငယ်အတွင်းမှာပဲ အကောင်အထည်ပေါ်တော့
မယ်လို့ ဦးသက်လွင်ရွှေက ပြောပါတယ်။

ဒီအစီအစဉ်ဟာ နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဆီးဂိမ်းအားစားပြိုင်
ပွဲကို လာရောက်မယ့်သူတွေအတွက် အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်

“အေတီအမ်မှာ ထုတ်ရင် ကျပ်ငွေပဲထုတ်ရမယ်။ ဒီနှစ်တွေမှာ နိုင်ငံခြား
သားတွေလည်း အ၀င်များတယ်။ ဆီးဂိမ်းလဲ စတော့မယ်ဆိုတော့ အပြင်ကလာသူတွေ များလာရင် သူတို့တွေ အဆင်ပြေအောင် ဒီဘက်က ကြိုလုပ်တဲ့ သဘောပါ။ ကတ်ကိုင်ဆောင်သူတွေ အဆင်ပြေတာပေါ့။”

အမေရိကန်ကုမ္ပဏီ ၂ ခုဟာ လတ်တလောမှာတော့ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့နဲ့ လက်တွဲထားနှင့်ပြီးဖြစ်ပြီး ထူးကုမ္ပဏီအုပ်စုနဲ့ အခုမှ အစပြုမှာ ဖြစ်ပါတယ်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲ
ဖွဲ့စည်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီနှစ်ဆန်းပိုင်းမှာ ခွင့်ပြုခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ သူ့ရဲ့လုပ်ငန်းတွေထဲက အကျိုးအမြတ်
ရတဲ့ ကုမ္ပဏီတွေကို အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပြီး အများ
ပြည်သူကို ရှယ်ယာတွေ ထုတ်ရောင်းပေးသွားမှာ ဖြစ်ပါတယ်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...