အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 May, 2013

ဖာဂူဆန်နေရာ ဆက်ခံမည့် သူအဖြစ် မိုယက်စ်ကို တရားဝင် မိတ်ဆက်ဖွယ် ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ဆက်ခံမည့်သူ အဖြစ် ဒေးဗစ်မိုယက်စ်၏ အမည်က အားကောင်းစွာ ထွက်ပေါ် လာခဲ့သည်။

... အဲဗာတန် အသင်းကို ကာလရှည်ကြာ ဦးဆောင်မှု ပေးခဲ့သည့် စကော့သား မန်နေဂျာကို အနာဂတ် မန်ယူအသင်း မန်နေဂျာ နေရာအတွက် ကြာသပတေးနေ့တွင် တရားဝင် အတည်ပြု ကြေညာဖွယ် ရှိနေကြောင်း ဗြိတိန် သတင်းဌာန များစွာက ရေးသား လာခဲ့သည်။ ဖာဂူဆန် ကိုယ်တိုင်က မိမိနေရာတွင် အစား ဝင်နိုင်သူ အဖြစ် ထောက်ခံမှု ပေးခဲ့ဖူးသော မိုယက်စ်သည် အဲဗာတန်နှင့် စာချုပ်သက်တမ်း တိုးရန် ကိစ္စကို ငြင်းဆိုထားသည်။ ၎င်းသည် ဂွတ်ဒီဆင်ပါ့ခ်တွင် (၂၀၀၂)ခုနှစ် ကတည်းက မန်နေဂျာ တာဝန် ယူထားသူလည်း ဖြစ်သည်။

အသက်(၇၁)နှစ်ရှိ ဖာဂူဆန်သည် မန်ယူကို (၂၇)နှစ်ကြာ ဦးဆောင်ခဲ့ပြီးနောက် ရာသီကုန်တွင် အနား ယူတော့မည်ဟု ယမန်နေ့က အတည်ပြု ကြေညာခဲ့သည်။ အသက်(၅၀)အရွယ်ရှိ မိုယက်စ် အနေဖြင့် အပြောင်းအရွှေ့အတွက် အဲဗာတန်အသင်း ဥက္ကဋ္ဌ ဘီလ်ကင်ရိုက်နှင့် ဗုဒ္ဓဟူးနေ့က ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။ မိုယက်စ် အနေဖြင့်လည်း ၎င်း၏ နည်းပြအဖွဲ့နှင့် ကစားသမားများအား မိမိသည် မန်ယူ အသင်းသို့ ကူးပြောင်းတော့မည်ဟု အတည်ပြု အသိပေးဖွယ် ရှိနေကြောင်းလည်း ဆိုသည်။

သို့သော်လည်း မိုယက်စ်သည် တနင်္ဂနွေနေ့တွင် ဂွတ်ဒီဆင်ပါ့ခ်၌ ဝက်စ်ဟမ်းယူနိုက်တက်ကို ဧည့်ခံမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ဆက်လက် တာဝန်ယူရန် သေချာသလောက် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

soccermyanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...