အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 May, 2013

သီပေါတွင် ပေါ်တော်မူ ဘုရားတစ်ဆူ ပေါ်ပေါက် ဖူးမြော်သူများနှင့် အထူး စည်ကား

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် လော်ခွန်ကျေးရွာ အုပ်စု မူးလေး တောင်ပေါ်ကျေးရွာတွင် ပေါ်တော်မူ ဘုရားတစ်ဆူ ပေါ်ပေါက်နေသဖြင့် သွားရောက် ဖူးမြော်သူများနှင့် စည်ကားလျက် ရှိကြောင်း သိရသည်။

... ထို့နောက် သွားရောက် မှတ်တမ်းယူပြီး အိမ်ရှင် ဘုရားဒကာ ဦးစိုင်းကြိုင်း- ဒေါ်နန်းမှတ်တို့နှင့် မေးမြန်းခဲ့ ရာတွင် လွန်ခဲ့သော တပေါင်းလဆုတ် ၅ ရက်က မိမိ၏ သားဖြစ်သူ စိုင်းစံအောင်သည် အိမ်သုံးထင်း ရရှိရေး အတွက် မူးလေး တောင်ပေါ်ဒေသ အင်ကြင်းတောသို့ ထော်လာဂျီတစ်စီးနှင့် သွား၍ ထင်းခုတ် ထွက်ခဲ့ ကြောင်း၊ ထော်လာ ဂျီပေါ် တင်ဆံ့နိုင်အောင် ၆ ပေ ကျော်ကျော်ရှိ ထင်းများကို ဖြတ်တောက်၍ တင်ယူလာ ခဲ့ပြီး အိမ်တောင်ဘက် ဘုရားစင် အနီး ထင်းတုံးများကို စုပုံထားခဲ့ကြောင်း၊ ညအချိန် ဘုရားရှိခိုးပြီး အိပ်ရာ ဝင်သောအခါ အိပ်မက်ထဲ တွင် ဖြူနီပြာဝါ ရောင်စုံ အလင်းတန်းကြီး မိမိမျက်စိထဲသို့ တိုးဝင်လာခဲ့ကြောင်း၊ ၎င်းနောက် တစ်စုံတစ်ယောက် ၏ ပြောဆိုသံကဲ့သို့ သုံးရက် သို့မဟုတ် ခုနစ်ရက် ဘုရားဆွမ်းတော် တင်ရ မည်ဟု အမိန့်ရှိခဲ့သဖြင့် သုံးရက်မြောက် ဆွမ်းတော်တင်ပြီး ညတွင် ယခင်ညက မြင်မက်သကဲ့သို့ ရောင်စုံ အလင်းတန်းကြီးကို မြင်ရပြီး မိမိတောင်ပေါ်က ခုတ်ယူခဲ့သော ထင်းတုံး၏ အောက်ခြေ သစ်ခေါင်းအတွင်းတွင် ဘုရားတစ်ဆူကို တွေ့မြင်ရကြောင်း၊ နံနက် မိုးလင်းသောအခါ အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသော အင်ကြင်းပင် သစ်တုံးကြီးကို ခွဲစိတ်ကြည့်ရာ ပေါ်တော် မူ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောပြသည်။

ယခုအခါ သီပေါမြို့နယ်ရှိ ဘုရားကျောင်း တောင်ပေါ်ဒေသ မူးလေးကျေးရွာ ဘုရားဒကာ ဦးစိုင်းကြိုင်း ဒေါ်နန်းမှတ် တို့ နေအိမ်တွင် ရပ်ဝေးရပ်နီးမှဘုရားဖူး လာသူများ စည်ကားလျက် ရှိကြောင်း သိရသည်။

စိုင်း(သီပေါ)
မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...