အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 May, 2013

မေ ၂၄ တွင် CDMA 800 MHz ဖုန်းဆင်းကတ် ထပ်ရောင်းမည်

Photo: မေ ၂၄ တွင် CDMA 800 MHz ဖုန်းဆင်းကတ် ထပ်ရောင်းမည် 
===================================

မေ-၀၃

ပထမအကြိမ် ၁၅၀၀ တန် ဖုန်းရောင်းပေးသည့် ရက်အတိုင်း မေ ၂၄ ရက်တွင် ထပ်မံရောင်းချရန် စီစဉ် ထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။ “ပထမအကြိမ် ရောင်းခဲ့တဲ့ ၂၄ ရက်ကိုပဲ မှန်းထားပါတယ်။
ရက်အတိအကျ မဖြစ်ခဲ့ရင်တောင် အဲဒီရက်နီးပါး ဖြစ်မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြော သည်။ ဖုန်းများရောင်းချရာတွင် CDMA 800 MHz ဖုန်းများကိုသာ MECTEL တံဆိပ်ဖြင့် အလုံးရေ သုံးသိန်းခွဲ ရောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ “ဂျီနဲ့ WCDMA ကိုရောင်းမှာ မဟုတ်ဘူး။ CDMA 800 တစ်သန်းပြည့်တာနဲ့ ဂျီတွေ ရောင်းမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ CDMA 800 ဖုန်းတွေကို ကနဦးရောင်းခြင်းမှာ MEC TEL ကုမ္ပဏီသည် CDMA 800 စနစ်သစ် စက်ခန်းများကို ဒေသ အများအပြားတွင် တည်ဆောက်ထားပြီး ဖြစ်၍ ယင်းဖုန်းများကို အရင်ဆုံး ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ MEC TEL တံဆိပ်ဖုန်းများ အတွက် ရေဒီယိုစက်ခန်း ၂၈၂ ခန်းတည်ဆောက် ထားပြီး ရေဒီယိုစခန်းများ၏ ဧရိယာအတွင်း ယူဆောင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း ဆက်သွယ်ရေး ဌာနတွင် မှတ်ပုံတင်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ထောင့်ငါးရာ ဖုန်းများ ပေါ်ပေါက်လာခြင်းကြောင့် ဖုန်းသုံးစွဲသည့် သိပ်သည်းဆမှာ ၆ ဒသမ ၀၉ ရှိနေကြောင်း ဆက်သွယ်ရေးမှ သိရသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် Popular News ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ 
From...ခေတ်လူငယ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...