အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 May, 2013

ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကွန်ရက် ပုသိမ်မြို့တွင်ဖွဲ့စည်း


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဘာသာကြီးလေးရပ် မှ အမျိုးဘာသာ သာသနာကို သင့်မြတ်ချစ်မြတ်နိုးစွာ စုစည်း၍ ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးကွန်ယက်NETWORK FOR PEACE FULCO-EXISTENCE OF ALL RELIGIONS ကို ဖွဲ့စည်းခဲ့ ကြပြီး အချိန်တိုအတွင်းမှာ ပုသိမ် မြို့-မြောင်းမြ ကျောင်းပရိယတိ္တ စာသင်တိုက်တွင် ဗုဒ္ဓဘာသာ-ဟိန္ဒူဘာသာ-ခရစ်ယာန်ဘာသာ-အစ္စလန်ဘာသာတို့ အနာဂတ်ကို ပုံဖော်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်းNDN ကွန်ယက်မှ အတွင်းရေးမှူး ဦးအောင်သူရမှ ပြောကြား၍ သိရ သည်။
ရှေ့ဦး ၃၀ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာ တော်ကြီးများမှ ဆုံးမသြ၀ါဒ တရားများ ဟောကြားပြီး တက် ရောက်လာသော လူထုပရိသတ် ကို ပုသိမ်ခရိုင်-ခရိုင်အုပ်ချုပ်ရေး မှူးမှ ငြိမ်းချမ်းစွာနေထိုင်ကြရန် အတွက် သြ၀ါဒပြောကြား၍ ကျန်ဘာသာပေါင်းစုံမှ အလှည့် ကျ ပြောကြားပြီးNDN ကွန်ယက်မှ ဥက္ကဋ္ဌ ဦးသန်းဝင်း နှင့် တွဲဘက်အတွင်းရေးမှူး ဒေါက်တာသန်းထိုက်တို့မှ သည်းခံခွင့်လွှတ်ခြင်း၊ မေတ္တာ တရားနှင့် ကရုဏာတရားများ ထားရှိရန် အကျယ်တ၀ံ့ပြော ကြားကြောင်း သိရသည်။
၎င်းနောက် တက်ရောက် လာသော (၄)ဘာသာအင်အား ၅၀၀ ခန့်တို့သည် အဆိုပါ ပုသိမ် မြို့၊ မြောင်းမြကျောင်းပရိယတိ္တ စာသင်တိုက်တွင် အတူယှဉ်တွဲ၍ တစ်ပျော်တစ်ပါး စားသောက်ပြီး အခန်းအနားကို ရုတ်သိမ်းလိုက် ကြောင်း သိရသည်။



အရိန္ဒမာ(ဘိုကလေး)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...