အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 May, 2013

ကျောင်းအပ်နှံမည့်မိဘပြည်သူတို့၏ရင်ဖွင့်စကား


မကြာမီကျောင်းတွေအပ်ရ တော့မည်။ မနှစ်က ကျွန်မတို့ ကျောင်းသားမိဘတွေ၊ စိတ်ညစ်ခဲ့ ရသည်။ ကျောင်းအုပ်ကြီးအသစ် ပြောင်း၍ ကျောင်းအပ်ခြင်း၊ မူတစ် မျိုးပြောင်းသွားသည်။
ယခင်ဆရာကြီးက ကျောင်း အပ်နှံသည့်နေ့မှာ သူ့အတန်းလိုက် ၀င်ခွင့်ပုံစံဝယ်ကာ၊ သက်ဆိုင်ရာ အတန်းမှာပဲ အပ်နှံရသည်။ မိဘ များလည်း အချိန်မကုန်။ လူမပင် ပမ်းဘဲ စိတ်ချမ်းသာစွာ အပ်နှံကြ ရသည်။
ဆရာကြီးအသစ်က ဤသို့ မဟုတ် ကျောင်းသား၊ ကျောင်းသူ၊ ထောင်ရာချီရှိသော၊ ကျောင်း၏ ၀င်ခွင့်ပုံစံကို၊ တစ်နေရာထဲမှာ သတ်မှတ်ထား သဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားမိဘ များတန်းစီရသည်မှာ နေကပူပူ၊ လူအုပ်စုတန်းကြီးက ကျောင်း ၀င်းအပြင်မှာ မြင်၍မကောင်း ပါ။ မိဘများ အချိန်ကုန်၊ လူပင်ပမ်း၊ စိတ်ဆင်းရဲကြရ သည်။ အလှူငွေကို မသတ်မှတ် ထားပါ။ စေတနာရှိသလောက် ထည့်ရသည်။ စာရင်းမှတ်ခြင်း လည်းမရှိ။
ယခုနှစ်တော့ ကျောင်းအပ် နှံလက်ခံမည့်ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအား မိဘများ ကိုယ်စား ပန်ကြားအပ်ပါသည်။ မိမိရှေ့မှ တာဝန်ထမ်းဆောင်သူ ၏ မူကောင်းဖြစ်ခဲ့လျှင် ဆက် ကျင့်သုံးပေးပါ။ လူပြောင်းတာနှင့် မူကောင်းမပြောင်းပါနှင့်ဟု အသိ ပေးချင်ပါတယ်။


 Hot News Weekly
ဟန်သီဇင်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...