အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 May, 2013

ဘားအံမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ အများအပြားဖြစ်ပွားနေ

  

ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်အတွင်း ဧပြီလအစောပိုင်းမှစ၍ ကလေး သူငယ်သွေးလွန်တုတ် ကွေးရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ပုံမှန်အားဖြင့် သွေးလွန်တုတ် ကွေးရောဂါမှာ ဇွန်၊ ဇူလိုင်လများ၌ ဘားအံမြို့နယ်အတွင်းဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်မှာ ဧပြီလ အတွင်း သွေးလွန်တုတ်ကွေးရောဂါ အများအပြားဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
၁-၅-၂၀၁၃ ရက်က ဘားအံ မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက်လေ့လာခဲ့ရာ ကလေးကုသ ဆောင်အတွင်း၌ သွေးလွန် တုတ်ကွေး ရောဂါခံစားနေကြ ရသော ကလေးများမှာအခန်း အတွင်းအပြင် အားလုံးပြည့်နေ ပြီး Drip ပုလင်းများဖြင့် သွေး သွင်း၊ ဆေးသွင်းကု သမှုများပြု လုပ်ထားသည်ကို တွေ့ရသည်။
အခုဒီမှာရှိတဲ့ကလေးတွေက သွေးလွန်တုတ်ကွေးတွေပါပဲ။ တစ်ခြားကလေးတွေလဲပါတော့ ပါတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်း မှာ သွေးလွန်တုတ်ကွေးတွေက များလာတယ်။ ဒါပေမဲ့ တအား အခြေအနေဆိုးကြီးတော့ မဟုတ်ပါဘူး။ Grad one အဆင့် လောက်ပဲရှိပါတယ်။ နောက်ပြီး ကလေးအကြီးတွေက များပါ တယ်””ဟု တာဝန်ကျ ဆရာဝန် တစ်ဦးကပြောပါသည်။
တာဝန်ကျ အမျိုးသမီး ဆရာဝန်တစ်ဦးက အသေ အပျောက်တော့နည်းပါတယ်။ ခါတိုင်းက ဒီအချိန်မှာ သွေးလွန် တုတ်ကွေးမများပါဘူး။ ဒီနှစ်က ဘားအံမှာ များနေတယ်လို့ဆိုနိုင် ပါတယ်။ တစ်ခြားမြို့တွေမှာ ခုချိန် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်မဖြစ် ကျွန်မတို့မသိပါဘူး”” ဟု ပြောကြားသည်။


ပွင့်ဆန်း(ပုပ္ပား)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...