မန္တလေးသင်္ကြန်တွင် ပျော်ရွှင်စွာ ဆင်နွှဲနေသူများ (ဓာတ်ပုံ − စိုင်းသာအောင်)
မန္တလေး− ယခုနှစ် မန္တလေးသ င်္ကြန်ပွဲတော်တွင် ကျုံးပတ်လည် မဏ္ဍပ်တည်ဆောက်ရန် လာ
ရောက်လျှောက်ထားသူ ယခင်နှစ် ထက် လျော့ကျခဲ့ကြောင်းသတင်းရရှိသည်။
၂၀၁၄ သင်္ကြန်ကာလကကျုံးပတ်လည်တွင် မဏ္ဍပ်တည်ဆောက်လို၍ လာရောက်လျှောက်ထားသူ ၂၅၆ ဦးအထိရှိခဲ့ပြီး ယခုနှစ်တွင်မူ လျှောက်လွှာ ပိတ်ချိန်မတ်လ ၆ရက် အထိ ၂၁၇ ဦးသာလာရောက် လျှောက်ထားခဲ့ သဖြင့် ယမန်နှစ်ကထက် လျော့နည်းခဲ့သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူးဦးစိုးလင်းက ပြောသည်။ ယခင်နှစ်များက မဏ္ဍပ်
စည်းကမ်းများလိုက်နာရန် ဒဏ် ကြေးစပေါ်ငွေကျပ်ငါးသိန်းသာ ယူသော်လည်း ယခုနှစ်တွင် အဆို ပါကျပ်ငါးသိန်းအပြင် မဏ္ဍပ်အာ မခံကြေးအဖြစ် ကျပ်သိန်းနှစ် ဆယ်ပါ ပေးသွင်းရမည်ဖြစ်၍ လျှောက်ထားလိုသူလျော့နည်းရ ခြင်းဖြစ်နိုင်သည်ဟု စည်ပင်တာ ၀န်ရှိသူကဆိုသည်။
ထို့အပြင် ကျုံးဘေးမဏ္ဍပ်အ ရေအတွက် လျှော့ချလိုက်ခြင်း သည်လည်း မဏ္ဍပ်လျှောက်သူ နည်းပါးသွားစေနိုင်သည်ဟု စည် ပင်တာဝန်ရှိသူကပြောသည်။
‘‘ကျုံးတောင်ဘက်နဲ့အရှေ့ ဘက်မှာ နှစ်စဉ်ဆောက်နေကျ ဌာနဆိုင်ရာမဏ္ဍပ်တွေရှိတယ်။ ဒီ နှစ်က ဆယ်ခုစီပဲခွင့်ပြုတော့မှာ ဆိုတော့အခွင့်အလမ်းက နည်း သွားတာလည်းပါမှာပေါ့’’ဟု အ ခွန်ဌာနခွဲမှူးက ပြောသည်။
ယခုနှစ်တွင် ကျုံးဘေး မဏ္ဍပ်တစ်ခုနှင့်တစ်ခုပေသုံးရာ ကျော်မှ ပေကိုးရာကျော်အထိခွာ ကာ တည်ဆောက်သွားမည်ဖြစ် ပြီး နှစ်စဉ်စည်ကားနေကျ ကျုံး တောင်ဘက်နှင့်အရှေ့ဘက်အ ပြင် မြောက်ဘက်နှင့် အနောက် ဘက်တွင်လည်း လျှောက်ထား သည့်အပေါ် မူတည်ကာ ခွင့်ပြု သွားမည်ဖြစ်သည်။
ယခုနှစ် မဏ္ဍပ်ဆောက်လို သူများမှာ မဏ္ဍပ်တွင် မဏ္ဍပ်တာ ၀န်ခံ၊ ဒုတာဝန်ခံ၊ လုံခြုံရေးတာ ၀န်ခံများခန့်ထားပေးရမည်ဖြစ်ပြီး အမည်စာရင်းပါ ပူးတွဲပေးပို့ရ မည်ဟု မန္တလေးစည်ပင်မှသိရ သည်။ယခင်နှစ် မန္တလေးသင်္ကြန် ကာလရေကစားမဏ္ဍပ်များမှာ ကျုံးတောင်ဘက်တွင် ၁၆ခု၊ အ ရှေ့ဘက်တွင် ၁၅ခု၊ အနောက် ဘက်တွင် သုံးခု၊ မြောက်ဘက် တွင်တစ်ခု၊ မြို့တွင်း ကိုးခု၊ ကန် တော်ကြီးတွင် ကိုးခုနှင့်အလှပြ မဏ္ဍပ် ၅၅ခုရှိခဲ့သည်။