အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

09 March, 2015

အဆိုတော် နိုင်းဝမ်း၏ ကား တိုက်ခံရမှုနှင့် ပတ်သက်ပြီး မော်ဒယ်လ် ယွန်းမီမီကျော် ပြန်လည်ရှင်းလင်း

'အဆိုတော် နိုင်းဝမ်း၏ ကား တိုက်ခံရမှုနှင့် ပတ်သက်ပြီး မော်ဒယ်လ် ယွန်းမီမီကျော် ပြန်လည်ရှင်းလင်း
Sunday, March 8, 2015

အဆိုတော် နိုင်းဝမ်း၏ ကားသည် မတ် ၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းရှိ မီးနီတွင် ကားရပ်ထားစဉ် မစ္စ တစ်ယောက်က လုပ်ကြံကာ ယာဉ်နှစ်စီးညှပ်တိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့အပေါ် မော်ဒယ် ယွန်းမီမီကျော်က ပြန်လည် ရှင်းလင်းခဲ့သည်။

“သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ မိန်းကလေး တစ်ယောက်ကို မစားရတဲ့အမည်း သဲနဲ့ပက် သလိုလုပ်နေတာ။ ဦးနှောက်ရှိတဲ့ သူတိုင်း ဒီကိစ္စကိုစဉ်းစားတတ်တယ်။ သူ့ရဲ့ပရိ သတ်တွေကတော့သူမှန်တယ်ထင်မှာပဲ။ ညီမရဲ့ပရိသတ်သတ်တွေက တော့ ညီမဘက်မှာရှိမှာဘဲ။ နှမချင်းကိုယ်ချင်းစာနာပြီးတော့ပြောစေချင်တယ်။ သူ့ ထက် အသက် ၇ နှစ်လောက် ငယ်တဲ့ မိန်းကလေး တစ်ယောက်ကို ဒီလိုမျိုးပြောတာ သူ့အဆင့်သူ ဖော်ပြလိုက်တာဘဲ။ တစ်ချိန်ကြရင် ပရိသတ်တွေက ယွန်းမီမီကျော် ဆိုတာဘယ်လိုလူမျိုးလဲဆိုတာ သိလာပါလိမ့်မယ်။

တစ်ချိန် ကတွဲခဲ့စဉ်တုန်းကလည်း သူ့ဘက်ကပဲ ကွယ်ရာမှာအမျိုးမျိုး သစ္စာဖောက်တယ်။ ညီမကအမှန်ဆိုရင် သူ့အင်တာဗျူးဆိုရင် မဖြေပါဘူး။ ညီမကိုယ့်ကိစ္စ ကိုယ်ပဲဖြေပါတယ်။ အခုဟာ လွန်လွန်းလာလို့ပါ” ဟု မဇ္ဈိမသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss တစ်ယောက်က လုပ်ကြံသည်ဟုရေးသားထားခဲ့ပြီး ပရိသတ်များက နိုင်းဝမ်းနှင့်တစ်ချိန်က ပတ်သက်ခဲ့ဖူးသည့် မော်ဒယ်ယွန်းမီမီကျော်ဟု ထင်မြင်ချက်ပေးခဲ့ကြသည်။

ထို့ပြင် အဆိုတော်နိုင်းဝမ်း၏လူမှုကွန်ယက်စာမျက်ပေါ်တွင် “နင်တို့လို နိုင်ငံ့ဂုဏ်ဆောင်တွေကြောင့် ငါတို့နိုင်ငံက အမျိုးသမီးတွေ အထင်သေးခံနေရတာလေ။ မိကောင်းဖခင် သားသမီး Miss တွေက အရက်ဘားကနေ နိုက်ကလပ်သွားကြပြီး အရက်သောက်ကြ ပျော်ပါးကြ။ အဲ့ဒါကတော့ လူ့အခွင့်အရေးကို မထိခိုက်လိုတဲ့အတွက် ငါနဲ့မဆိုင်ဘူး ထားလိုက်ပါအုံး။ လမ်းမှာ သူ့လမ်းသူသွားနေတဲ့ ငါ့ရဲ့ကားကို မီးပွိုင့်မှာ မီးနီလို့ ရပ်ထားတာကို တစ်စီးကနောက်ကနေ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး အဆက်မပြတ်ဝင်တိုက်တယ်။ နောက်တစ်စီးက ကားဘေးမှာ ပိတ်ရပ်ပြီး ငါ့ကားရှေ့မှန် တွေကိုရိုက်ပြီးခွဲတယ်” ဟု ရေးသားဖော်ပြထားသည်။

အဆိုတော် နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss သည် အရက်ဘား၊ နိုက်ကလပ်သွားကြခြင်းနှင့် ပတ်သက်ပြီး ရေးသားထား သည်ကို မော်ဒယ် ယွန်းမီမီကျော်က “သူပြောတဲ့ စကားမှာ ကလပ်သွားတဲ့ မိန်းကလေးတိုင်းက မကောင်းဘူးဆိုရင်၊ ကလပ်သွားတဲ့ မိန်းကလေးတိုင်းဟာ မကောင်းတဲ့ မိန်းမတွေဖြစ်ကုန်ပြီ။ သူကနိုင်ငံတော် အဆိုတော်တစ်ယောက်ဆိုရင် ဒီလိုမျိုးအရေးအသားတွေက သူ့ရဲ့အဆင့်အတန်း ကိုအဝီစိရောက်အောင်လုပ်တာဘဲ” ဟု ပြောခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုတော်နိုင်းဝမ်း၏ ဖုန်းအား ဆက်သွယ်ခဲ့သော် ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

မဇ္ဈိမ'
အဆိုတော် နိုင်းဝမ်း၏ ကားသည် မတ် ၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းရှိ မီးနီတွင် ကားရပ်ထားစဉ် မစ္စ တစ်ယောက်က လုပ်ကြံကာ ယာဉ်နှစ်စီးညှပ်တိုက်ခြင်းဖြစ်သည်ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့အပေါ် မော်ဒယ် ယွန်းမီမီကျော်က ပြန်လည် ရှင်းလင်းခဲ့သည်။
“သူက ယောကျာ်းတစ်ယောက်ဖြစ်ပြီးတော့ မိန်းကလေး တစ်ယောက်ကို မစားရတဲ့အမည်း သဲနဲ့ပက် သလိုလုပ်နေတာ။ ဦးနှောက်ရှိတဲ့ သူတိုင်း ဒီကိစ္စကိုစဉ်းစားတတ်တယ်။ သူ့ရဲ့ပရိ သတ်တွေကတော့သူမှန်တယ်ထင်မှာပဲ။ ညီမရဲ့ပရိသတ်သတ်တွေက တော့
ညီမဘက်မှာရှိမှာဘဲ။ နှမချင်းကိုယ်ချင်းစာနာပြီးတော့ပြောစေချင်တယ်။ သူ့ ထက် အသက် ၇ နှစ်လောက် ငယ်တဲ့ မိန်းကလေး တစ်ယောက်ကို ဒီလိုမျိုးပြောတာ သူ့အဆင့်သူ ဖော်ပြလိုက်တာဘဲ။ တစ်ချိန်ကြရင် ပရိသတ်တွေက ယွန်းမီမီကျော် ဆိုတာဘယ်လိုလူမျိုးလဲဆိုတာ သိလာပါလိမ့်မယ်။
တစ်ချိန် ကတွဲခဲ့စဉ်တုန်းကလည်း သူ့ဘက်ကပဲ ကွယ်ရာမှာအမျိုးမျိုး သစ္စာဖောက်တယ်။ ညီမကအမှန်ဆိုရင် သူ့အင်တာဗျူးဆိုရင် မဖြေပါဘူး။ ညီမကိုယ့်ကိစ္စ ကိုယ်ပဲဖြေပါတယ်။ အခုဟာ လွန်လွန်းလာလို့ပါ” ဟု မဇ္ဈိမသို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss တစ်ယောက်က လုပ်ကြံသည်ဟုရေးသားထားခဲ့ပြီး ပရိသတ်များက နိုင်းဝမ်းနှင့်တစ်ချိန်က ပတ်သက်ခဲ့ဖူးသည့် မော်ဒယ်ယွန်းမီမီကျော်ဟု ထင်မြင်ချက်ပေးခဲ့ကြသည်။
ထို့ပြင် အဆိုတော်နိုင်းဝမ်း၏လူမှုကွန်ယက်စာမျက်ပေါ်တွင် “နင်တို့လို နိုင်ငံ့ဂုဏ်ဆောင်တွေကြောင့် ငါတို့နိုင်ငံက အမျိုးသမီးတွေ အထင်သေးခံနေရတာလေ။ မိကောင်းဖခင် သားသမီး Miss တွေက အရက်ဘားကနေ နိုက်ကလပ်သွားကြပြီး အရက်သောက်ကြ ပျော်ပါးကြ။ အဲ့ဒါကတော့ လူ့အခွင့်အရေးကို မထိခိုက်လိုတဲ့အတွက် ငါနဲ့မဆိုင်ဘူး ထားလိုက်ပါအုံး။ လမ်းမှာ သူ့လမ်းသူသွားနေတဲ့ ငါ့ရဲ့ကားကို မီးပွိုင့်မှာ မီးနီလို့ ရပ်ထားတာကို တစ်စီးကနောက်ကနေ ရှေ့တိုးနောက်ဆုတ်လုပ်ပြီး အဆက်မပြတ်ဝင်တိုက်တယ်။ နောက်တစ်စီးက ကားဘေးမှာ ပိတ်ရပ်ပြီး ငါ့ကားရှေ့မှန် တွေကိုရိုက်ပြီးခွဲတယ်” ဟု ရေးသားဖော်ပြထားသည်။
အဆိုတော် နိုင်းဝမ်းသည် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် Miss သည် အရက်ဘား၊ နိုက်ကလပ်သွားကြခြင်းနှင့် ပတ်သက်ပြီး ရေးသားထား သည်ကို မော်ဒယ် ယွန်းမီမီကျော်က “သူပြောတဲ့ စကားမှာ ကလပ်သွားတဲ့ မိန်းကလေးတိုင်းက မကောင်းဘူးဆိုရင်၊ ကလပ်သွားတဲ့ မိန်းကလေးတိုင်းဟာ မကောင်းတဲ့ မိန်းမတွေဖြစ်ကုန်ပြီ။ သူကနိုင်ငံတော် အဆိုတော်တစ်ယောက်ဆိုရင် ဒီလိုမျိုးအရေးအသားတွေက သူ့ရဲ့အဆင့်အတန်း ကိုအဝီစိရောက်အောင်လုပ်တာဘဲ” ဟု ပြောခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုတော်နိုင်းဝမ်း၏ ဖုန်းအား ဆက်သွယ်ခဲ့သော် ဖုန်းပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။
မဇ္ဈိမ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...